❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 6

569 25 2
                                    

🔶 Unicode version 🔶

" ဖွား.....သူ့ကိုတွေ့ပြီလား... ရာရာကိုတွေ့ပြီလား.
သားပျော်လိုက်တာ.."

သက္ကရာဇ် အရမ်းပျော်တယ်...ရာရာလေးကိုအရမ်းတွေ့ချင်နေပြီ
ခွဲခဲ့တာ 4နှစ်တောင်ရှိပြီ.. အရင်ထက်ပိုပြီးချစ်ဖို့ကောင်းလား သိချင်တယ်..မျက်နှာလေးကို​တွေ့ခြင်နေပြီ...သူခေါ်တဲ့ ကိုကို ဆိုတဲ့ အသံလေးကိုကြားခြင်နေပြီ...

" မြေး....ဘာတွေစဥ်းစားနေတာလဲ..."

"ကျွန်တော် အရမ်းဝမ်းသာနေတာ.သူအဆင်ပြေရဲ့လား အန်တီ သူဇာရောနေကောင်းတယ်မလား
.သူ့ကိုတွေ့ခြင်တယ်..ဖွား.ခုသား VC ခေါ်မယ်လေ...ဒါမှမဟုတ် ကျွန်တော်လာတွေ့ရမှာလား"

"အောင်မလေးမြေးရယ်...အချိန်တွေအများကြီးရှိပါသေးတယ်...ဖွား.သူ့ကိုအပျောက်မခံတော့ပါဘူး..မြေးအတွက် သိမ်းထားပေးမှာပါ.( အဖွားလဲ..တို့လိုဖူဂျိုရှီလား 😁) "

"ဟုတ်ကဲ့... ဖွားလဲအိပ်တော့လေ ပင်ပန်းလာတာဆိုတော့...ကျန်းမာရေးလဲဂရုစိုက်နော် "

"ဟုတ်ပါပြီ မြေးရယ်..."

တစ်ဖက်ကဖုန်းချသွားပေမယ့်..ဖွားခင်မှာ
* အော်.....မြေးလေးက ရာစုလေးကိုအတော်ချစ်တာပဲ...ဒါပေမယ့်...မြေးလေးရာရာနဲ့ သမီးသူဇာရဲ့ အဖြစ်ကိုမြေးကို ဘယ်ကစပြီးပြောရမှန်းမသိဘူး..မြေးလေးရယ်..*
တွေးတောရင်း ဖွားခင်လဲအိပ်စက်ခြင်းဆီသို့သာ....

တစ်ဖက်မှာတော့....သက္ကရာဇ် မှာ

* ပျော်လိုက်တာရာရာရယ်...ကိုယ်အရမ်းပျော်တယ်
ကိုယ့်ကိုတွေ့ရင် မုန်းနေအုံးမှာလား..မင်းကိုယ့်ကို မျက်နှာချင်းရော ဆိုင်ခြင်ပါ့မလား..ကိုယ့်ကိုတော့ မမုန်းပါနဲ့နော်..ကိုယ်မင်းခွင့်လွတ်တဲ့အထိကိုတောင်းပန်ပါ့မယ်....ဒီတခါဆုံရင်တော့ ကိုယ် မင်းကိုမထားခဲ့တော့ပါဘူးကွာ...*

တွေးတောကာ ငယ်ငယ်တုန်းကအကြောင်းတွေ
စဥ်းစာ..အိပ်ပျော်သွားခဲ့တယ်...

" ကိုကို.. ကိုကိုရေ"

" ရာရာ....ကိုကို ဒီမှာ.."

သက္ကရာဇ် အိမ်ရှေ့မှာ ထိုင်နေတုန်း ရာရာရဲ့ ခေါ်သံလေးကိုကြားလို့ မိမိထိုင်နေရာမှအသံလေး လှမ်းပေးလိုက်တော့ မိမိရှေ့ကိုရောက်လာတဲ့ ရာစုလေး

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now