❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 10

445 21 2
                                    

🔶 Unicode version 🔶

ဘာလိုလိုနဲ့.... သုတတို့တောင် စာမေးပွဲတွေဖြေတော့မယ်...ခုဆိုတိမ်လွှာနဲ့လဲ သူငယ်ချင်းအရင်းတွေဖြစ်နေပြီ..သူဆိုးသမျှကို သည်းခံ ပေးတယ်..ဆဲသမျှကိုလဲ မျက်နှာတစ်ချက်မညိုးစွာနဲ့အဆဲခံတယ်... ဒါ့ကြောင့်လဲ သုတ ခင်မင်တွယ်တာလာရတာပေါ့...

"ဘုန်း....."

"အောင်မလေး..မြတ်စွာဘုရား..crushကြီးနဲ့ငါညား"( ယောင်တာလေးက ငါ့လိုပဲ 😁😜)

သုတအတွေးကောင်းနေတုန်း..မိမိရှေ့ကစာပွဲခုံပေါ်ကို တိမ်လွှာမှ ကျောပိုးအိတ် ပစ်တင်သောကြောင့် မိမိမှာ လန့်သွားရသည်။

" ဟားးးးးဟားးး.ဘာတဲ့ crush နဲ့ညား ဟုတ်လား"

" ဟွန့်....ရီ..ရီ သေအောင်ရီ..😏😏"

"စတာပါကွာ ဒါနဲ့ ကျောင်းသင်္ကြန် လာလည်မှာလား "

"လည်ပါဘူး....စာမေးပွဲ အတွက်ပဲ စာကြည့်မယ် "

"မင်းကလဲ..ငါရေလောင်းခြင်လို့ပါကွ "

"No no ငါက သင်္ကြန်ကျမှ ရေစိုခံမှာ ငါ့ကိုပထမဦးဆုံး ရေလောင်းတဲ့သူက ငါ့ရဲ့ ဖူးစာဖက်ပဲ "

"ဟာ...အဲ့တာဆို..ငါအရင်လာလောင်းမယ်"

"ဆုတောင်းလေ...တိမ်လွှာနော်...သူငယ်ချင်း မဖြစ်ချင်တော့ဘူး ထင်တယ် "

"ဟီးးးး ငါကစတာပါကွာ"

တိမ်လွှာက မိမိအပေါ် သူငယ်ချင်းအဆင့်ထက်ပိုချင်နေတာ သိသော်လည်း...သူငယ်ချင်းအဖြစ်မှ စွန့်လွတ်မယ်ဟု ခြိမ်းခြောက်ထား၍သာ..ရှေ့ဆက်မတိုးခြင်း ဖြစ်သည်။

သုတရယ်..ငါကမင်းကိုမြင်ကထဲက ချစ်မိနေတာပါ ဒါပေမယ့် မင်းကငါ့ကိုသူငယ်ချင်း တစ်ယောက်ထက်မပိုနိုင်တော့လဲ... ငါ့ကံပေါ့ကွာ...
..
..
..
..
..
..
..
..
..
..
..

ဒီနေ့ဟာ..သုတတို့စာမေးပွဲဖြေတာ နောက်ဆုံးရက်နေ့ပင်ဖြစ်သည်.....ဖြေပြီးသည်နှင့်အခန်းထဲမှထွက်တာနဲ့ အစောထဲကထွက်သွားသော တိမ်လွှာကိုရှာတော့ လှေကားနားမှာ မျက်နှာမကောင်းစွာနဲ့ ထိုင်နေသည်ကို တွေ့သောကြောင့်...

" တိမ်လွှာ..မင်းမဖြေနိုင်ဘူးလား မျက်နှာလဲမကောင်းဘူး..လွယ်ပါတယ်ကွ "

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now