❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 16

404 18 2
                                    

🧡 Unicode version 🧡

တေဇာလဲ club ကိုလာရန်အာကာကိုပါ ဝင်ခေါ်ခဲ့လေသည်။

"မင်းကလဲကွာ..ရုပ်ကြီးကဘာဖြစ်နေတာလဲ "

"ဘာမှမဖြစ်ပါဘူး ... ညီက ငါလိုက်လာလို့ စိတ်အနှောက်အယှက်ဖြစ်မှာလဲစိုးတယ်ကွာ "

"မဖြစ်လောက်ပါဘူး မင်းလဲသူ့ကိုတွေ့ချင်နေတာပဲမဟုတ်လား "

" ငါကပဲတွေ့ချင်တာလေကွာ.. သူကမှမတွေ့ချင်တာကို "

"အာကာ..မင်းကလဲ သတ္တိ မရှိလိုက်တာ..မင်းပဲချစ်တယ်ဆို..သူ့ကိုသူများလက်ထဲအပါမခံနိုင်ရင်..ကိုယ်ကရအောင်လုပ်ရမှာပေါ့ကွ "

"အေးပါကွာ "

နှစ်ယောက်သားစကားပြောလာတာ clubတောင်ရောက်ခဲ့ပြီ...ထို့နောက် နှစ်ယောက်သားဆိုင်ထဲဝင်လာကာ ကလေးနှစ်ယောက်ကိုရှာရလေသည်။

DJ မစသေးတော့ သူတို့နှစ်ယောက်ကို bar ဘက်မှာလိုက်ရှာတော့ တွေ့ပါပြီ။ ဒါပေမယ့်

" ညီ...."

"ကလေး.."

နှစ်ယောက်သားပြိုင်တူခေါ်ကာ ပြေးဝင်ခဲ့လေသည်။ တိမ်လွှာမှာ လူခြောက်ယောက်ဝိုင်းကန်တာကိုခံနေရသည်။ သုတမှာတော့ မူနေကာ လူတစ်ယောက်လက်ထဲမှရုန်းကန်နေသည်။
အာကာလဲ ကန်နေတဲ့ခြောက်ယောက်ထဲမှ နှစ်ယောက်ကိုစောင့်တွန်းပြီး တစ်ယောက်ကိုထိုးလိုက်သည်။ ရုတ်တရတ် မို့ကျန်တဲ့သုံးယောက်မှာ ကြောင်အနေသည်။ တေဇာလဲ သုတကိုဆွဲထားတဲ့လူဆီမှ ပြန်လုကာ ထိုသူအား ထိုးကြိတ်ခဲ့သည်။ အာကာလဲ လဲနေတဲ့ တိမ်လွှာကို ဆွဲထူကာ

"ညီ...အရမ်းနားနေလား sry ပါ အကိုနောက်ကျသွားလို့ပါ "

မိမိတွင်အပြစ်ရှိသလိုပြောနေတဲ့ အာကာကြောင့် တိမ်လွှာမှာ

"ရပါတယ် အကို့ အပြစ်မှမဟုတ်တာ "

ပြန်ပြောရင်းပင် ဘေးမှ လူနှစ်ယောက်ကို ဝင်ထိုးလေသည်။ တေဇာမှာလဲ သုတကို ထိန်းကာ ပြန်ချနေရသည်။ 7ယောက်နဲ့ သုံးယောက်မို့ အင်အားခြင်း မမျှပေ။ security guards တွေရောက်လာပြီး လာဆွဲ ကြလေသည်။ အာကာနဲ့ တေဇာမှာလဲ ရဲစခန်းမရောက်ချင်သဖြင့် တိမ်လွှာနဲ့သုတကိုဆွဲကာ ပြန်ထွက်လာခဲ့လေသည်။
club အပြင်သို့ထွက်လာပြီး ကားထုတ်ရန် ပြင်နေစဥ် ခုန အဖွဲ့မှ အာကာနဲ့ ဖြစ်တဲ့3ယောက် ထွက်လိုက်လာကာ အာကာကို နောက်မှ စောင့်ကန်လိုက်လေသည်။ အာကာလဲကျသွားချိန် တိမ်လွှာမှ ဆွဲအထူ မျက်စိထဲ လက်ခနဲ တွေ့လိုက်ရတဲ့ ဓားအချွန်လေးမှာ မိမိဆီသို့ ဦးတည်လျက် မျက်စိကိုသာစုံမှိတ်ထားလိုက်သည်။
သို့သော် မိမိခန္ဓာကိုယ်မှာ နာကျင်ခြင်း အလျင်းမရှိတာမို့ မျက်လုံးလေးဖွင့်ကြည့်လိုက်တော့
မိမိရှေ့တွင် ရပ်နေသော အာကာကိုတွေ့လိုက်ရသည်။

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now