Heart-searching 💗

11K 796 27
                                    

Heart-searching 💗

Part-1

" ဟယ်လို... အချိန်ပိုင်းအလုပ်ခေါ်တယ်ဆိုလို့ပါခင်ဗျ "

" ဟုတ်ကဲ့..., အသက်က ၂၄ နှစ်ပါ "

" ကျောင်းသားပါပဲခင်ဗျ.....ဟုတ်ကဲ့ ကျွန်တော် ဒီညနေပဲ အင်တာဗျူးလာဖြေပါ့မယ် သူဌေး ။ ကျေးဇူးတင်ပါတယ်ခင်ဗျ "

ကျေးဇူးတင်စကား အထပ်ထပ် ပြောကာ ချပစ်ခဲ့တဲ့ ဖုန်း call... တည်တည်ငြိမ်ငြိမ်နဲ့ တစ်ဖက်က သူဌေး​၏ အသံသည် စိတ်လှုပ်ရှားစေသည်။ ဒီအလုပ်လေး အဆင်ပြေရင် သိပ်ကောင်းမှာပဲ။

ကျွန်တော်က Byun Baekhyun။
တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးလည်း ဖြစ်တယ်။ မိဘတွေက နယ်မှာ အခြေချနေထိုင်ပြီး ကျွန်တော်ကတော့ ကျောင်းတက်ဖို့ရာ seoul မှာ လာနေရခြင်းဖြစ်သည်​။ နယ်ဘက်မှာ အိုးလုပ်ငန်း လုပ်ကိုင်တဲ့ ကျွန်တော့်မိသားစုဟာ စီးပွားရေးအဆင်ပြေတယ်ဆိုသော်လည်း ကျွန်တော့်ကျောင်းစရိတ်အပြင် စားဝတ်နေရေးအတွက်ပါ အပူမပေးချင်။

ဒါကြောင့် ကျောင်းတစ်ဖက်နဲ့ ကျွန်တော် အလုပ်လုပ်သည်။ အရင်ပုံမှန်လုပ်နေကျ 24 hours mart ရဲ့ ညပိုင်းအလုပ်က ကျန်းမာရေးဆိုးရွားလာတာတစ်ကြောင်း နောက်ဆုံးနှစ်မို့ စာများလာတာကတစ်ကြောင်းကြောင့် ထပ်မလုပ်ချင်တော့ပါ။ စာလုပ်လို့လည်း အဆင်ပြေပြီး လစာလည်း အသင့်အတင့်ရမယ့် ညနေပိုင်း အလုပ်လေးပဲ ရှာကြည့်တဲ့အခါ အစောပိုင်းက ဖုန်းအချိတ်အဆက်ရသွားတဲ့ ခေါက်ဆွဲအေးဆိုင်ကို ရှာတွေ့ခဲ့သည်။

အိမ်နဲ့လည်း နီးသလို အမယ်မများတဲ့ ခေါက်ဆွဲအေးဆိုင်လေးမှာ ညနေ ၄ နာရီကနေ ည ၉ နာရီအထိပဲ လုပ်ရမှာမို့ သဘောကျမိတာအမှန်ပင်။ အခုတော့ ညနေ အင်တာဗျူးသွားရတော့မှာကြောင့် ရေမိုးချိုးကာ ပြင်စရာရှိတာ ပြင်ဆင်ဖို့ လုပ်ရတော့သည်။

💚💚💚💚💚💚💚💚💚💚💚💚💚💚

ဆိုင်အရှေ့လေးမှာ ပန်းအိုးလေးတွေ စီချထားသည်က အမြင်အေးစဖွယ်ဖြစ်နေသည်။ ဆိုင်က လမ်းချိုးလေးမှာ ရှိပေမယ့်လည်း ဒီခေါက်ဆွဲအေးဆိုင်က နာမည်ကြီးလွန်းလို့ တခြားမြို့ကနေတောင် လာစားရကြောင်း Suho hyung ပြောလို့ ကိုယ်သိလိုက်ရပြီ။

Heart-searching Where stories live. Discover now