Heart-searching 💗

3.2K 740 36
                                    

Heart-searching 💗

Part-23

ကျွန်တော်ဆိုင်ကိုရောက်တော့ Inn Na က ဆိုင်ထဲမှာ ဝန်ထမ်းတွေနဲ့ စကားပြောနေတယ်။ ကိုယ့်ရဲ့ သက်ဆိုင်သူလို့ သိထားကြပြီး နောင်တစ်ချိန် ကိုယ် ဒီဆိုင်ကို လက်လွှဲယူပြီး ထိန်းသိမ်းတဲ့အခါ Inn Na က သူဌေးကတော် ဖြစ်လာမှာမို့ ဆိုင်က လူတွေက သူ့ကိုဆို ရိုရိုသေသေပဲ ဆက်ဆံကြတယ်။ Inn Na ကလည်း ဝန်ထမ်းအားလုံးကို တည့်အောင်ပေါင်းနိုင်တဲ့ အရည်အချင်းရှိပါတယ်။ ကိုယ် သိသလောက်တော့ Baekhyun နဲ့ပဲ စိမ်းတာထင်တယ်....

" ရောက်လာပြီလား သား "

" ဟုတ် အဖေ "

" Inn Na မနက်တည်းက ရောက်နေတာ , မျက်နှာလည်း သိပ်မကောင်းဘူး ! သားတို့ အဆင်မပြေကြပြန်ဘူးလား "

" နောက်မှ အေးဆေးပြောပြပါ့မယ် အဖေ , အခု သူနဲ့ အပြင်ခဏသွားလိုက်ဦးမယ် , ပြောစရာလေးလည်းရှိလို့ "

" သွားလေ , ညှိစရာရှိတာလည်း ညှိကွာ... "

" ဟုတ်ကဲ့ "

အဖေနဲ့ပြောပြီး အထဲထိလျှောက်လာလိုက်ကာ Inn Na ရှိရာဆီသွားတော့ မနက်ပိုင်း(baekhyun က ညနေပိုင်း) အလုပ်လုပ်တဲ့ အစ်မက Inn Na ကို အရိပ်အကဲပြတယ်ထင်တယ်။ သူမက လှည့်ကြည့်လာတယ်။ ဘာမှတော့ပြောမလာဘူး။

" တစ်နေရာရာသွား​ပြီး စကားပြောကြမလား "

" အင်း.... သွားလေ "

တွေ့ချင်တာက သူပေမယ့်လို့ ကိုယ်ကပဲ ဦးဆောင်ပြီး ခေါ်ထုတ်လာခဲ့တယ်​။ ဒီနေ့ Inn Na နဲ့ အဆုံးသတ်ချင်တယ်။ နောက်ပြီး Baekhyun လက်ကို တွဲချင်တယ်။

စကားအကျယ်အကျယ်တွေပြောမိရင် ပတ်ဝန်းကျင်အမြင် မသင့်တော်တာကြောင့် လွတ်လွတ်လပ်လပ် စကားပြောဆိုလို့ရမယ့် ကိုယ့်အိမ်ကိုပဲ ဦးတည်လိုက်တယ်။ တစ်ချိန်လုံး ငြိမ်နေတဲ့ Inn Na က....

" ငါ ဒီကားကို မစီးရတာ ဘယ်လောက်တောင် ကြာပြီလဲ "

ပြန်ဖြေစရာမလိုဘူးထင်လို့ ပြန်မဖြေပေးမိဘူး။ ဒီအခြေအနေက နေရခက်ပြီး အားနာစေတာတော့ ဝန်ခံပါတယ်။
သိပ်မကြာလိုက်တဲ့အချိန်မှာပဲ အိမ်ရောက်လာတဲ့အခါ Inn Na ကို မစောင့်ပဲ ဝင်လာခဲ့ပါ​၏။
ခြံထဲရောက်တော့ Inn Na က စကားစလာတယ်။

Heart-searching Where stories live. Discover now