Heart-searching 💗

3.6K 622 30
                                    

Heart-searching 💗

Part-26

တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ ဘယ်အချိန်မှာ သိနိုင်သလဲဆိုရင်
' တစ်ခုကို ရွေးချယ်ဖို့အတွက် အများကြီးကို လက်လွှတ်လိုက်ရပေမယ့် အဲ့ဒီ ကိုယ်ရွေးချယ်လိုက်တဲ့ တစ်ခုတည်းကပဲ ကိုယ့်ရဲ့အရာရာလို့ ခံစားရတဲ့အချိန် ' တဲ့ ....

အဲ့ဒီ ခံစားချက်လေး ခံစားမိပြီဆိုရင် ကိုယ်ဟာ ကိုယ့်ရွေးချယ်မှုကို ဘယ်သောအခါမှ နောင်တရမှာမဟုတ်ဘူးတဲ့လေ။

အခုလည်း ကျွန်တော် နောင်တ ရမှာမဟုတ်ဘူး။ ကျွန်တော့် မျက်စိရှေ့မှာ သူဖတ်ဖို့ စာအုပ်လေး သူထိုင်ရွေးနေတဲ့ Baekhyun ကို ရွေးချယ်လိုက်ရလို့ ကျွန်တော် ပျော်နေတာ .... ကျွန်တော့်ရဲ့ အရာအားလုံးက Baekhyun ဖြစ်သွားတာ , ဒီလိုဆို ကျွန်တော့် ရွေးချယ်မှုမှန်ကန်သွားတာ ။ ဒါကို အချစ်လို့ ခေါင်းစဉ်တပ်ရမှာတောင် နှမြောစရာပဲ။ ဒီ့ထက်လေးနက်တဲ့ စကားလုံး မရှိတော့ဘူးလား။

" ဒီစာအုပ်ဖတ်ရအောင် Chanyeol... ကျွန်တော် ဝယ်ထားပြီး မဖတ်ဖြစ်သေးဘူး "

ကုတင်ပေါ်မှာ ခပ်လျှောလျှောမှီထိုင်နေတဲ့ Chanyeol က ခြေထောက်တစ်ဖက်ကို ထောင်ထားပြီး တစ်ဖက်ကိုလည်း အနည်းငယ်ကွေးထားသေးတယ်။ မနက်စာစားပြီး ပြန်ပြေလည်တဲ့ သဘောရှိသွားပြီမို့ Baekhyun က စာအုပ်အတူဖတ်ရအောင်လို့ ပြောလာတယ်။ ကိုယ်ကလည်း သူ စိတ်ကြည်အောင် နေပါစေဆိုပြီး ခွင့်ပြုလေတော့ စာအုပ်ရွေးနေတာ အတော်ကြာလှပြီ။

အခုစာအုပ်ရသွားတော့ Chanyeol ဘေးမှာ ဝင်ထိုက်ကာ စာအုပ်ကိုင်ပြီး တက်ကြွနေလေရဲ့။

" ဒီကိုလာ...."

" Chanyeol ~~~ "

တစ်ဖက်က ဆင်းထားတဲ့ ပေါင်ပေါ် မချီလိုက်ကာ အနောက်ကနေ ခါးကို ဖက်တွယ်ထားတော့ လန့်ပြီး တုန်တက်သွားပြန်တယ်။ ကိုယ် ရင်ခုန်သလို သူလည်း ရင်ခုန်နေတာ ကိုယ် မသိစရာလား။

အနေတွေနီးဖို့ ကြိုးစားလာတဲ့ Chanyeol ကို Baekhyun က တားဖို့ အင်အားမရှိဘူး။ ရင်ခုန်နေရပေမယ့် သူလုပ်စရာရှိတာပဲ အေးအေးဆေးဆေး လုပ်နေတတ်တယ်....
အခုလည်း Baekhyun ပုခုံးပေါ် မေးတင်ထားပြီး လည်ပင်းနားလေးကပ်ကာ အသက်ရှုနေတဲ့ Chanyeol ကို Baekhyun ဘာမှပြောမနေတော့ဘူး။ စာအုပ်ဖတ်ဖို့ပဲ တွေးနေတော့တာ...

Heart-searching Where stories live. Discover now