Heart-searching 💗

3.1K 590 17
                                    

Heart-searching 💗

Part-10

အိပ်ယာမနိုးခင်တည်းက Noti တွေ ဆက်တိုက် ဝင်နေတဲ့ ဖုန်းကြောင့် ဒီမွေးနေ့မှာလည်း ခပ်စောစော နိုးလာရတယ်။ KakaoTalk ကနေ Birthday wish ပေးတဲ့ သူငယ်ချင်းတွေ လက်ဆောင်ပို့ပေးတဲ့ သူတွေနဲ့ မနက်ခင်းလေးက ဆူညံလို့​။ မျက်နှာမသစ်ရသေးခင်ပဲ အကုန်လုံးနီးပါး reply ပြန်နေရတာ အချိန်အားဖြင့် ၇ နာရီခွဲပြီ။

ထို့နောက်မှ ထုံးစံအတိုင်း Baekhyun ရဲ့ story လေးကို ဝင်ကြည့်ဖြစ်သေးတယ်။
ဒီနေ့တော့ ရင်ခုန်သံက ဒိတ်ခနဲ။ လှဲနေရာကနေ ငုတ်တုတ်ထထိုင်ကာ screen ကို ကြာကြာဖိထားမိတဲ့အထိ ကြည့်နေမိတာ.... လက်ကောက်ဝတ်နုနုမှာ ထွင်းထားတဲ့ (열) ဆိုတာလေးရော Happy Birthday ဆိုတဲ့ မွေးနေ့ဆုတောင်းလေးရော... နောက်ပြီး တင်ထားတဲ့ အချိန်ဟာ လွန်ခဲ့တဲ့ ၇ နာရီလောက်က ဆိုတာကိုရော ။

Baekhyun က တကယ်ပဲ ကျွန်တော့်ကို မွေးနေ့ဆုတောင်းပေးတာလား။
သူ့လက်နုနုလေးမှာ ကျွန်တော့်နာမည်ရေးထိုးပြီးတော့လေ.....
တကယ်ပဲ ကျွန်တော် တွေးတာ မှန်ကန်ပါ့မလား။

ကျွန်တော်နဲ့ နာမည်တူတဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ။
အဲ့ဒီ နာမည်တူတဲ့တစ်ယောက်ရဲ့ မွေးနေ့ကလည်း ဒီနေ့ပါဆိုရင် ဘယ်လိုလုပ်မလဲ။
Baekhyun ဆုတောင်းပေးတဲ့ မွေးနေ့ရှင်က ကျွန်တော်မဟုတ်ရင်ရော ဘယ်လိုလုပ်ရပါ့မလဲ။

တကယ်လို့ ဟုတ်ခဲ့ရင်ရော....

တွေဝေရှုပ်ထွေးမှုတို့နဲ့ ထိုင်နေလိုက်တာ ဘယ်လောက်ကြာသွားပြီလဲ မသိတော့ဘူး။
nn Na တံခါးလာခေါက်ပြီး နှိုးမှ သတိကပ်ရတော့တာ ။ာရုံတွေ Baekhyun ဆီမှာ ပျံ့လွင့်နေတုန်းပဲ။ Inn Na ပြင်ပေးတဲ့ မနက်စာ စားနေတဲ့အချိန်ထိ Baekhyun ကိုသာ တွေးနေမိတုန်းပဲ။

ကိုယ်မလွယ်ဘူး Baekhyun ရယ်.....

💚💚💚💚💚💚💚💚💚💚💚💚💚💚

အလုပ်က တစ်ပတ်တစ်ရက် ခွင့်ယူလို့ရတာမို့ မနက် အိပ်ယာနိုးတည်းက သူဌေးဆီ ဖုန်းဆက်ပြီး ခွင့်ယူလိုက်တော့ အသာတကြည် ခွင့်ပေးလာတယ်။ အဖျားငွေ့ငွေ့နဲ့ နာနေတဲ့ လည်ချောင်းကြောင့် အိပ်ယာနိုးတည်းက ကိုယ် မလှုပ်မယှက်ပဲ။

Heart-searching Where stories live. Discover now