Heart-searching 💗
Part-4
ဒီကနေ့ မနက်ပိုင်းတည်းက မိုးတဖျောက်ဖျောက်ရွာနေတယ်။ မိုးအပြင် လေပါ တိုက်ခတ်နေမှုကြောင့် နွေရာသီပေမယ့် ချမ်းစိမ့်စိမ့်ဖြစ်နေတာ.... နောက်ပြီး အိပ်ယာနိုးတည်းက ကျွန်တော့်ရင်ခုန်သံကို လွမ်းနေတာ.....
နိုးနိုးချင်း အခန်းပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့ ဝေါခနဲ ဝင်လာလိုက်တဲ့ လေတွေ.... မိုးသားတွေလည်း အများအပြားမို့ ဒီမနက် မိုးက ညအထိ ဆက်မည်ထင်သည်။ စာမေးပွဲဖြေနေစဉ်အတွင်းမို့ မလွှဲမသေ ကျောင်းသွားရမှာ သိပေမယ့် ဒီနေ့တော့ မိုးမစိုချင်ဘူး။ ဒါပေမယ့်လည်း ပျင်းနေလို့ မဖြစ်သေးတာကြောင့် ကျောင်းသွားဖို့ ပြင်ဆင်ရတော့သည်။
တစ်ယောက်တည်း နေတာ အချိန်ကြာလာလေ ကိုယ့်အားကို ကိုယ်ပဲ ကိုးတတ်လာသလို မလုပ်နိုင်တာ မလုပ်ချင်တာ ရှိလည်း ဖြစ်အောင်လုပ်ရတော့မယ်ဆိုတဲ့ အသိက ရှိတယ်။ အဝတ်လျှော်တာအစ ထမင်းဟင်းချက်တာအဆုံး လုပ်တတ်သည်ပဲပြောရမလား။
အိမ်မှုကိစ္စ နိုင်အောင်ထိန်းမယ့် ကျွန်တော့်ကို ခင်ဗျားဘဝမှာ နေရာပေးရင် သိပ်ကောင်းမယ်။ဒီနေ့တော့ ကျောင်းပြန်ချိန်တည်းက အလုပ်ဝင်ရမည်ဖြစ်သည်။ မနက်ပိုင်းချိန် လုပ်တဲ့ အဒေါ်က ခွင့်ယူထားတာကြောင့် ဆိုင်မှာ လူမရှိဘူးတဲ့လေ။ သူဌေးက အားနာနာနဲ့ ဖုန်းဆက်ကာ အကူအညီတောင်းလာ၏။ အရင်ဆို စာမေးပွဲအကြောင်းပြပြီး ငြင်းမိမလား မသိပေမယ့် ဒီအလုပ်ကတော့ ရင်ခုန်သံလေးရှိနေတာကြောင့် တက်တက်ကြွကြွပါပဲ။
သို့သော်လည်း နှစ်နာရီလောက် ကြာပြီးသည်အထိ သူ့ကိုမတွေ့ရသေးဘူး။ သူဌေးပဲ ထိုင်နေတာ....သူမရှိလို့များလား။ ကောင်မလေးနဲ့များ.......
ဝင်လာတဲ့အတွေးတို့ကို ဖျောက်ဖို့တွေးနေတုန်းမှာပဲ ပွင့်လာတဲ့ တံခါးချပ်လေး။ အပေါ်ထပ်က ဆင်းလာပုံရတဲ့ တစ်စုံတစ်ယောက်။ ထိုသူသည် Chanyeol ဖြစ်နေ၏။ မျက်လုံးအစ်အစ်လေးတွေက အခုမှ အိပ်ယာက နိုးလာပုံ။ Chanyeol က နေ့ခင်းဘက်လည်း အိပ်တတ်တာ ကိုယ်သိလိုက်ရပြန်ပြီ။