Heart-searching 💗

3.4K 626 44
                                    

Heart-searching 💗

Part-24

မျက်လုံးတွေ မှိတ်ထားမိရာက ကားရပ်လိုက်ပြီဆိုတဲ့အသိနဲ့ ပတ်ဝန်းကျင်ကိုကြည့်မိတယ်။ ကျွန်တော့်တိုက်အောက်ကို ရောက်လာပြီပဲ။ ခဏတဖြုတ်နားပြီး အလုပ်သွားရတော့မှာ....
ခါးပတ်ကြိုးကို ဖြုတ်လိုက်ပြီး ဘေးက သူ့ကို အကဲခတ်မိတော့ နှုတ်ခမ်းလေး စူကာ မျက်လွှာကလည်း ချထားသေးတာ ။

" ကျေးဇူးပဲ "

ဘာစကားမှ စ မလာလေတော့ ကျေးဇူးတင်စကားပြောပြီး တံခါးဖွင့်ဖို့ ရွယ်လိုက်တယ်။ ထိုအခါ တစ်ဖက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာတဲ့ Chanyeol...

" Baekhyun နဲ့ ကိုယ် ဒီလိုတွေ မဖြစ်ချင်ဘူး "

" နားမလည်ပေးသလို ဖြစ်သွားလို့ တောင်းပန်ပါတယ် , Baekhyun အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့လည်း ဒေါသထွက်မိလို့ပါ... စိတ်ဆိုးအောင် လုပ်မိရင် ကိုယ် တောင်းပန်ပါတယ် "

အခုထိတော့ မျက်နှာလှည့်မလာပေမယ့် တောင်းပန်စကားတော့ ဆိုလာတယ်​။ အမှန်ဆို Chanyeol မှ မမှားပဲ​။ ကျွန်တော်ကသာ သူ စိတ်ပူတတ်မှန်း သိသိရက်နဲ့ အော်မိတာလေ ၊

" နောက်မလုပ်တော့ပါဘူး , ကိုယ့်ကို စိတ်မဆိုးပါနဲ့နော်... ကိုယ် မင်းနဲ့ အခုလို အေးစက်စက် အခြေအနေကြီးကို မကြိုက်ဘူး " 

" Chanyeol...."

" ဟင် "

" အရမ်းချစ်လို့ ဖြစ်သွားရတဲ့ ကျွန်တော့်ရဲ့ စိတ်တွေပါပဲ​။ Chanyeol ကို အများကြီး ချစ်တာမို့ အခုနောက်ပိုင်း Chanyeol နဲ့ ပတ်သက်ရင် ကျွန်တော့်စိတ်က အထိမခံနိုင်တဲ့ အထိ ဖြစ်လာတယ် , ဒီစိတ်ကြောင့်နဲ့ပဲ အော်မိပြောမိသွားတာမို့ ကျွန်တော်ကလည်း တောင်းပန်ပါတယ် "

ဆိုမိတော့ ရုတ်တရက် ခပ်တင်းတင်း ဆွဲဖက်လာသူ။ နှာရှုံ့သံလေးလည်း ကြားတာမို့ ငိုဖို့ထိန်းနေတဲ့ပုံပါပဲ။ ကျွန်တော့် ကမ္ဘာကတော့ စိတ်ထားနူးညံ့ပြီး နွေးထွေးကြင်နာတတ်တဲ့ နှလုံးသားနုနုလေးပါပဲ။

" တခြားအတွေးတွေ မတွေးရင် ရပြီ... ကိုယ့်ကို ခွဲသွားဖို့ မတွေးရင် ရပြီ , မင်းမှာ ကိုယ်ပဲရှိတာ သိသလို ကိုယ့်မှာလည်း မင်းပဲရှိတာမို့ မင်းက ကိုယ့်ကို ထားမသွားရင် ရပြီ Baekhyun "

Heart-searching Where stories live. Discover now