Heart-searching 💗
Part-12
ဆေးရုံဝင်းထဲထိ တိတ်တဆိတ် လျှောက်လမ်းလာတဲ့ ခြေလှမ်းတွေဟာ မနက်ခင်းပေမယ့် တက်ကြွမှုတို့ ရှိမနေဘူး။ ဝှီးချဲပေါ်က လူနာတွေရော ဆေးပိုက်တန်းလန်းနဲ့ လမ်းလျှောက်နေတဲ့ လူနာတွေကိုရော ကြည့်ကာ Chanyeol မှာ မသိမသာ သက်ပြင်းချမိသည်။ အမေလည်း ဘယ်အချိန်ထိ ဆေးရုံမှာ နေရမှာတဲ့လဲ။
အဖေနဲ့ တရားဝင်ကွာရှင်းမှု မပြုထားပေမယ့် အဖေ နောက်အိမ်ထောင် ပြုဖို့ ဖန်လာကတည်းက အမေက သူ့မိဘအိမ်ကို ပြန်သွားခဲ့တယ်။ အဖေ့အကြောင်းတွေ အားလုံး သိနေပါလျှက် အဖေ့နဲ့ ရင်းနှီးနေသေးတဲ့ ကျွန်တော့်ကိုလည်း အမေ အမြင်ကြည်ပုံမရဘူး။ ဒါကြောင့် အဆက်အသွယ်ရယ်လို့ မယ်မယ်ရရ မရှိခဲ့ဘူး။
ဒါပေမယ့် မနေ့က ဆေးရုံတက်ရတယ်ဆိုတဲ့ သတင်းကြားပြီး အဖေရော ကျွန်တော်ပါ ရောက်လာတော့ နှလုံးခွဲစိတ်မှု ပြုနေတယ်တဲ့လေ။ သူ ခွဲခန်းက ထွက်လာတဲ့အချိန်ထိ စောင့်နေပေးပြီး သတိရလာမှ ဆိုင်ကို ပြန်လာခဲ့လိုက်တာ.... နှစ်အကြာကြီး ချစ်ခဲ့ ပေါင်းသင်းခဲ့တဲ့ ဇနီးသည်မို့ အဖေဟာလည်း စိတ်မကောင်းတာ သိသာသလို ကိုယ်ကလည်း အမေတစ်ယောက်လုံး မဟုတ်လား။ ဒါပေမယ့်လို့ ထုတ်တော့မပြောဖြစ်ကြဘူး။
တံခါးလေး အသာဟပြီး အထဲကို ကြည့်လိုက်တော့ အိပ်ပျော်နေသေးတာပဲ။ သိသိသာသာ ချောင်ကျသွားတဲ့ မျက်နှာဖူးဖူးက အခုဆို သွေးအရောင် မရှိသလောက် ဖြူဖျော့နေ၏။ အမေ အိပ်နေတဲ့ ကုတင်ဘေးမှာတော့ Inn Na ထိုင်နေကာ အမေ့လက်လေးတွေကို ရေပတ်တိုက်ပေးနေတယ်။
" ရောက်လာပြီလား Chan... မနက်စာရော "
" စားခဲ့ပြီ , ဒါနဲ့ Inn Na က ဘယ်လိုလုပ်..."
" ငါ အဖေ့ဆီ မေးလာခဲ့တာ , မပြန်ခင်တစ်ခါလောက် ဝင်ကြည့်သင့်တယ်ထင်လို့လေ.... နင် အိပ်နေတာနဲ့ ငါ့ဘာသာပဲ ထွက်လာလိုက်တာ "
" ကျေးဇူး... "
" မနေ့က နင် အိမ်ပြန်နောက်ကျတယ်နော် , ဘယ်ဝင်နေတာလဲဟင် "
" အော်....သူငယ်ချင်း , အင်း သူငယ်ချင်းနဲ့ ခဏ သောက်တာပါ "
" အော်....."