Heart-searching 💗

3.4K 636 36
                                    

Heart-searching 💗

Part-21

Baekhyun ရဲ့ စာမေးပွဲလေးက ဒီနေ့တော့ အောင်အောင်မြင်မြင်ပဲ ပြီးခဲ့ပြီ။ ကွန်ပျူတာအထူးပြုမေဂျာမို့ ကျောင်းပြီးရင် အလုပ်ရဖို့ မခက်ခဲပေမယ့် ဘယ်မှာလုပ်ချင်ပါတယ်ဆိုတဲ့စိတ်မျိုးတော့ မရှိသေးဘူး။ အခုထိ ကိုယ်နဲ့ ကိုက်ညီမယ့်အလုပ်က ဘာဆိုတာ မဆုံးဖြတ်ရသေးတာဆို ပိုမှန်မယ်ထင်တယ်။

ကျောင်းဆောင်ထဲက ထွက်လာတာနဲ့ ခပ်လှမ်းလှမ်းက ရင်းနှီးနေကျနေရာလေးကို တစ်မျှော်တစ်ခေါ် လှမ်းကြည့်မိပါရဲ့။ Chanyeol ကလည်း ကားဘေးနားမှာ ထီးတစ်ချောင်းဖွင့်ပြီး ကိုယ်ရှိရာဆီ လှမ်းကြည့်နေတာမို့ ခပ်မြန်မြန်ပဲ လျှောက်သွားလိုက်တယ်။ အကြာကြီးရပ်စောင့်နေစေလိုတဲ့ ဆန္ဒ အလျင်းမရှိ။

" စောင့်နေရတာ ကြာသွားလားဟင် Chanyeol "

" မကြာပါဘူး Baekhyun ရဲ့.... လာ , နေပူတယ် ကိုယ် ရေဝယ်ထားတယ် "

ဆိုကာ ကိုယ်ထိုင်မယ့်ဘက်ခြမ်းကို တံခါးဖွင့်ပေးပြီး ရေဘူးလေး အရင်ကမ်းပေးလာတယ်။ ပြီးမှ သူ့နေရာကို ဝင်ထိုင်တယ်။
ရေမော့သောက်နေတဲ့ ကျွန်တော့်ကိုလည်း တစိမ့်စိမ့်ကြည့်ကာ လက်ထဲက တစ်ရှူးနဲ့ နဖူးက ချွေးတွေကို သူ သုတ်ပေးလာပြန်တယ်။ Chanyeol က လူတစ်ယောက်ကို ဘယ်လိုဂရုစိုက်ကြင်နာပေးရမလဲ ကောင်းကောင်းကြီး သိတယ်....

" ဗိုက်ဆာပြီလား "

" အင်း... နည်းနည်းဆာတယ် Chanyeol "

" ဒါဆို နေ့လည်စာအရင်စားမလား , ကိုယ် ဒီနေ့ Baekhyun အတွက် အချိန်ဖယ်ထားတယ် သိလား.... Baekhyun ဘယ်သွားချင်လဲ "

" တကယ် ? Chanyeol တကယ် လိုက်ပို့မှာလား "

" အင်းပေါ့ "

ခေါင်းညိတ်ပြလာတဲ့ Chanyeol ကြောင့် Baekhyun က ပြုံးပျော်တက်ကြွလာလိုက်တာ ကြွက်ကလေးအစာရလို့ ပြေးလွှားပျော်မြူးတော့မယ့် ပုံလေး။ ဒီပုံလေးကိုပဲ Chanyeol ကလည်း အကြည့်မလွှဲသွားဘူး ။

" ဟီး...ဒါဆိုလေ နေ့လည်စာကို ကျွန်တော်ပဲ ကိုယ်တိုင် ချက်ကျွေးမယ် , ပြီးရင် သရဲကားကြည့်ရအောင်နော် , ကျွန်တော် ဖုန်းထဲမှာ save ထားတဲ့ သရဲကားရှိပေမယ့် တစ်ယောက်တည်းသမားတွေ မကြည့်ရင် ကောင်းတယ်လို့ ပြောထားကြတာ.... Chanyeol အတူကြည့်ပေးမယ်မလားဟင် "

Heart-searching Where stories live. Discover now