Heart-searching 💗

3.3K 642 23
                                    

Heart-searching 💗

Part-18

ချစ်ခြင်းမေတ္တာကို လူတွေ ဘာနဲ့ တိုင်းတာကြသလဲ....
သူကိုယ့်ကို ချစ်မချစ်ဆိုတာကိုရော ဘာကိုကြည့်ပြီး ဆုံးဖြတ်တာလဲ.... 
အဲ့ဒီ ချစ်ခြင်းတရားတွေ အမြဲ တည်ရှိနေပါမယ်လို့ရော ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲ.... 

ဖတ်ခဲ့ဖူးတဲ့ စာအုပ်လေးတစ်အုပ်က အကြောင်းအရာကို ပြန်စဉ်းစားမိနေတာ Baekhyun ကျောင်းကပြန်လာတဲ့ တစ်လမ်းလုံးပဲ။ ညနေစောင်းပြီမို့ နေရောင်ရှိနေသေးပေမယ့် သိပ်တော့ မပူဘူး။ စက်ဘီး ဖြည်းဖြည်းချင်း နင်းလာခဲ့တာမို့ ညနေခင်း တိုက်ခတ်တဲ့ လေကလည်း ကိုယ့်ဆီ အပြေးအလွှား ခစားနေသလိုပါပဲ။ အေးချမ်းနေခဲ့တယ်။

ကျောင်းကနေ အိမ်ကို စက်ဘီးနဲ့ မိနစ် ၂၀ လောက် နင်းရတယ်။ ဒီနေ့ နောက်ဆုံးနှစ် စာမေးပွဲအတွက် အချက်အလက်တွေ ရှာဖို့ စာကြည့်တိုက် သွားရင်းက ပျင်းလာတာနဲ့ အချစ်အကြောင်း စာအုပ်လေး ကိုင်မိပါတယ်။ အပေါ်က မေးခွန်းတွေအတွက် အဖြေလည်း မပေးပဲ ဒီအတိုင်း အဆုံးသတ်သွားတဲ့ စာအုပ်က အခု အပြန်လမ်းမှာ စဉ်းစားစရာတစ်ခု ဖြစ်လာခဲ့တယ်။

တိုက်ဝန်းထဲရောက်ပြီမို့ စက်ဘီးထားတဲ့နေရာမှာ စက်ဘီးသေချာထားပြီး လွယ်အိတ်​ယူလို့ အပေါ်တက်လာခဲ့တယ်။ လက်က နာရီကို ငုံ့ကြည့်တော့ ၅ နာရီ ၁၀ မိနစ်။ အရင်ဆို ဒီအချိန်က အလုပ်မှာ.....
ဒါပေမယ့် ဒီနေ့က ကိုယ့်နားရက်။

Chanyeol က နေ့လည် ထမင်းစားချိန်က တစ်ခါပဲ ဖုန်းဆက်သေးတယ်.....

ပြန်ရောက်တာနဲ့ ခဏနား ရေမိုးချိုးပြီး ညစာမစားခင် ဖုန်းသုံးမိတော့ screen မှာ ပေါ်နေတဲ့ Noti လေးတစ်ခု။
Ig မှာ Chanyeol ကောင်မလေးက ကျွန်တော့်ကို follow တယ်တဲ့လား။

ဘယ်သူမဆို ဒီအခြေအနေမှာ တစ်ဖက်လူ wall ထဲ ဝင်ကြည့်မိမှာပဲမဟုတ်လား။ ဒါက ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဝင်မကြည့်ခဲ့သင့်ဘူး။

လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကမှ တင်ထားတဲ့ ပုံလေး။ တစ်နည်းအားဖြင့် ဒေါက်ဖိနပ်လေးတစ်ရံ။ Caption က - စေ့စပ်ပွဲအတွက် အဆင်သင့်တဲ့လေ....Chanyeol acc ကိုပါ tag ထားသေးတာ။

Heart-searching Where stories live. Discover now