Heart-searching 💗

3.3K 616 25
                                    

Heart-searching 💗

Part-17

ယောင်ချင်တာတွေ ထ ယောင်ပြီး အိပ်ပျော်သွားတဲ့ Baekhyun က Chanyeol ကျောပေါ်မှာ ငြိမ်လို့။ pw နှိပ်ပြီး အိမ်ထဲဝင်လာ , အပေါက်ဝက မီးခလုတ်လေး နှိပ်လိုက်တဲ့အထိ နိုးမလာသေးဘူး။ ကျောပိုးထားရတာမို့ ဖိနပ်ကို ဖြစ်သလိုသာ ချွတ်လိုက်ပြီး သူ့ အခန်းထဲထိ ရောက်အောင် သွားလိုက်တယ်။ ဂျစ်တူးလေးက ကုတင်ပေါ်က စောင်တောင် မခေါက်ခဲ့ဘူး.....

ကုတင်ပေါ် အသာချပေးပြီး ဖိနပ်လေးတွေ ချွတ်ပေး ဘောင်းဘီအိတ်ထဲက ဖုန်းလေးပါ ဘေးမှာ ချစေကာ ကိုယ်က သူ အိပ်နေတဲ့ ဘေးမှာ ဝင်ထိုင်မိတယ်။ ဘေးတစောင်းလေး အိပ်နေတာမို့ နှုတ်ခမ်းပါးလေးက သိသိသာသာ ချွန်နေသေးတာ.... Baekhyun က ဘေးတစောင်းလေးပဲ အိပ်တတ်တာ ထင်ပါရဲ့။

အချိန်ဘယ်လောက်ကြာတဲ့အထိ ထိုင်ကြည့်နေမိလဲ မသိတော့ဘူး။ ကိုယ့်ခေါင်းထဲမှာ သူ့အကြောင်းအရာတွေနဲ့ပဲ ပြည့်နေတာ....
ကိုယ့်ကို ချစ်လို့ပါဆိုပြီး ယောင်နေတာလေးလည်း ကိုယ်အသည်းစွဲသလို ကိုယ့် စိတ် ညစ်ညူးမှုတွေကအစ ဂရုတစိုက် နားထောင်ပေးတတ်တဲ့ သူ့ကိုမှ ကိုယ့် ဘဝ ပုံအပ်ချင်တော့တယ်။

နဖူးပေါ် ဝဲကျနေတဲ့ ဆံလုံးသေးသေး ပျော့ပျော့လေးတွေကို အသာထိလိုက် အိပ်နေတဲ့ သူ့ခေါင်းလေးကို ပုတ်ပေးလိုက်နဲ့ ကိုယ့်အချိန်တွေ သူယူပါစေတော့....
ကိုယ့်နားချိန်တွေ Baekhyun ကိုပဲ ဖဲ့ပေးပါရစေတော့။
ကိုယ့်အချစ်တွေ Baekhyun တစ်ဦးတည်း သိမ်းကျုံး ယူထားပါစေတော့။
ကိုယ် ကျရှုံးပါတယ်....

ဒီအတိုင်း ပြန်သွားလို့လည်း ရပေမယ့် မနက် သူနိုးလာတဲ့အခါ သူ့ကို ဘယ်သူ ပြန်လိုက်ပို့တာလဲ ဆိုတဲ့ ဇဝေဇဝါ အတွေးတွေနဲ့ မနိုးထစေချင်ဘူး။ ဟိုလူ လိုက်ပို့တာပဲ နေမှာပါဆိုတဲ့ အတွေး ဝင်ဖို့ကိုလည်း ကိုယ့် သဝန်တိုစိတ်က ခွင့်မပြုချင်ဘူး။ မနက်ခင်းတိုင်း ကိုယ့်အတွေးနဲ့ သူ နိုးထလာဖို့ လောဘတွေလည်း သိပ်ကြီးပါရဲ့။

အခန်းမီးသွားပိတ်ကာ သူနဲ့ မျက်နှာချင်းဆိုင်မှာ ဘေးတစောင်းလေး ဝင်လှဲမိတယ်။ မီးပိတ်ထားပေမယ့် ပြတင်းပေါက်က လရောင်ကြောင့် သူ့မျက်နှာ နုနုကိုတော့ ကိုယ်မြင်နေရတယ်။ သူ့အသက်ရှုသံ သဲ့သဲ့ကိုလည်း ကိုယ်ကြားနေရတယ်။
မအိပ်ခင် ဝင်လေထွက်လေ မှတ်တတ်တဲ့ အကျင့်မရှိပေမယ့် Baekhyun ရှုထုတ်လိုက်တဲ့ လေ အဝင်အထွက်ကို မှတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားမိတယ်။

Heart-searching Where stories live. Discover now