Heart-searching 💗

3.3K 589 26
                                    

Heart-searching 💗

Part-5

ဖုန်းကို လက်က မချနိုင်စွာပဲ Baekhyun ဟာ Chanyeol ရဲ့ IG acc ထဲကိုသာ ထပ်ခါထပ်ခါ ဝင်ကြည့်မိနေတာ။ Follow လုပ်ဖို့လည်း သတ္တိမရှိတာမို့ တင်ထားတဲ့ post တွေကိုသာ အလွတ်ရတဲ့အထိ ထိုင်ကြည့်နေမိသည်။ Chanyeol အပြုံးတွေက သိပ်အသက်ဝင်တာပဲ။

အခုလက်ရှိ မောင်းနေတဲ့ကားကို သူ သဘောကျတဲ့ပုံပါပဲ။ Hightlight မှာတောင် ကားပုံသီးသန့်ရယ် ကောင်မလေးနဲ့ ပတ်သက်တာ သီးသန့်ရယ် နောက်ပြီး သူသွားထားတဲ့ ပြည်ပခရီးတစ်ခုရယ်ကို တင်ထားတယ်။
သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်နေတဲ့ Chanyeol ဘဝက ကျွန်တော် ခြေချစရာ နေရာမဟုတ်ဘူးထင်တယ်။

သူ့ကောင်မလေး acc ပါ တွေ့ပေမယ့် private ချထားတာမို့ မမြင်ရဘူး။

Follow လည်း မလုပ်နိုင်သေးတာမို့ လက်က ဖုန်းကိုချကာ အိပ်ဖို့ မျက်လုံးမှိတ်ချလိုက်မိ​၏။ ဒီနေ့နဲ့ဆို သူ့ Acc ကို တွေ့ထားတာ ၃ ရက်မြောက်နေ့။ ပိုင်ရှင်ရှိကြောင်း သိသာနေတဲ့ သူကို ကိုယ့်အပိုင်ဖြစ်အောင် လုပ်ဖို့က စိတ်ပဲရှိတာ။ အပြောကပဲ လွယ်ကူတာ....တကယ်တမ်း လက်တွေ့မှာတော့ ခြေလှမ်းတွေက ကျောက်ချခံထားရတဲ့ သင်္ဘောတစ်စီးလိုပဲ။

အိပ်မက်ထဲထိတော့ မနှောင့်ယှက်နဲ့ Chanyeol ရာ....
ခင်ဗျား တရားမလွန်ဘူးလား။

💚💚💚💚💚💚💚💚💚💚💚💚💚💚

Chanyeol တစ်ယောက် အိပ်ယာနိုးလာတော့ မနက် ၈ နာရီ ခွဲခါနီးပြီ။ အရင်ဆို နိုးနိုးချင်း အသိစိတ်ဝင်လာတာနဲ့ သတိရမိတာက Inn Na ကို ဖုန်းဆက်ဖို့။ ဒါပေမယ့် ဒီရက်ပိုင်းတော့ မဟုတ်ဘူး။ အဲ့ဒီလို ဖြစ်နေတာကိုလည်း Chanyeol က ဘဝင်မကျစွာ မသိချင်ယောင်ဆောင်ထားဆဲပဲ။ သူ့ကိုယ်သူ လက်မခံနိုင် ဖြစ်နေတုန်းပဲ။

နိုးပေမယ့် မထသေးပဲ ခေါင်းအုံးအောက်က ဖုန်းကို ယူကြည့်မိတော့ Inn Na ပို့ထားတဲ့ Morning massage လေးအပြင် မရှိဘူး။ ဖုန်းပြန်ခေါ်လိုက်ကာ နိုးကြောင်းပြောလိုက်တော့ သူ အလုပ်သွားဖို့ ပြင်နေတာနဲ့ စကားအများကြီး မပြောဖြစ်ဘူး။ ဘွဲ့ရပြီးမကြာခင်မှာပဲ Inn Na က သူဝါသနာပါရာ ဒီဇိုင်းကုမ္ပဏီမှာ အလုပ်ဝင်ဖြစ်သည်။ သူ့အဖေပိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကိုတော့ နည်းနည်းမှ စိတ်ဝင်စားမှုမရှိဘူးတဲ့လေ။

Heart-searching Where stories live. Discover now