Heart-searching 💗

3.5K 654 23
                                    

Heart-searching 💗

Part-14

" ကိုယ် ဝန်ခံပါရစေ Baekhyun " 

တစ်ယောက်နဲ့တစ်ယောက် အကြည့်တို့ မလွှဲဖြစ်ခဲ့ဘူး။ မျက်လုံးချင်းစုံပြီး ကြည့်နေချိန် ရင်ခုန်သံတွေကလည်း ထိန်းမရခဲ့ဘူး။ အသက်ရှုလို့တောင် မဝခဲ့ဘူး။ Baekhyunက မျက်ခမ်းစပ်လေးတွေပါ တုန်ယင်နေတော့တာ......

" ကိုယ် ဒီလိုတွေ ပြောတာ... Baekhyun ကို တန်ဖိုးမထားလို့လည်း မဟုတ်ဘူး။ အထင်သေးလို့လည်း မဟုတ်ဘူး , ကိုယ် Baekhyun အပေါ် ရယူလိုချင်တဲ့ မသန့်မရှင်း စိတ်ထားလည်း မရှိပါဘူး.... ကိုယ်.... ကိုယ်က "

အသက်ရှုမဝတော့တဲ့ အထိ ကိုယ်ကိုယ်တိုင်လည်း တုန်လှုပ်နေမိတယ်။ ပြောချင်ပါတယ်ဆိုတဲ့ စကားတွေကလည်း လုံးထွေးပြီး ထွက်လာတယ်။ ရင်အခုန်မြန်နေတာလည်း ခြေတွေပါ မခိုင်ချင်တော့ဘူး။ ဆက်ပြီး ပြောချင်တဲ့ စကားတွေကို ပြောဖို့ ပြင်ပေမယ့်လည်း ထွက်မလာပြန်ဘူး။

" ကိုယ်....... "

ပြောဖို့စကားတွေကို ခေါင်းထဲ ဝင်လာတဲ့ အတွေးတစ်ချို့က တားမြစ်နေတယ်။ ' ငါ နင့်ကို ပစ်မသွားပါဘူး Inn Na ' ' ငါ နင့်ကိုပဲ လက်ထပ်မှာပါ ' ဆိုတဲ့ ကတိစကားတွေဟာ အထပ်ထပ်အခါခါ သတိပေးနေတဲ့ အချက်ပြမီးလိုပဲ။ လက်ထဲ ဆုပ်ကိုင်ထားတဲ့ လက်ကောက်ဝတ်ခပ်သေးသေးရယ် မျက်စိရှေ့မှာ ကိုယ့်ကို မော့ကြည့်နေတဲ့ ကိုယ့်မြတ်နိုးရာရယ် ကိုယ် ပေးတဲ့ ကတိတွေကို ယုံကြည်စောင့်ဆိုင်းနေသူရယ်ကြား အသက်ရှုမဝတော့သလိုပဲ။

" ခက်ခဲနေတာလား Chanyeol.... "

လေသံတိုးတိုးလေးက နားထဲ ပျံ့လွင့်လာတော့ မျက်လွှာချထားတဲ့ Chanyeol က ပြန်ကြည့်လာတယ်။ Chanyeol မျက်ဝန်းထဲမှာလည်း မျက်ရည်စတစ်ချို့က ကိန်းအောင်းနေသေးတယ်။

" Baekhyun...."

" ပြောဖို့ ခက်ခဲနေရင် မပြောပါနဲ့....  Chanyeol စိတ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အရာတွေကို ကျွန်တော် မကြိုက်ဘူး။ Chanyeol မျက်ရည်တွေကို မုန်းတယ် "

" Baekhyun..... "

ကိုယ့်မျက်ရည်တွေကို မုန်းတယ်ဆိုပြီး ပြောလာတဲ့ သူက ကိုယ်တိုင်ကျ မျက်ရည်သုတ်ဖို့ မေ့နေပုံပါပဲ။ ပါးပြင်နုနုပေါ် ကျဆင်းနေတဲ့ Baekhyun မျက်ရည်တွေဟာ Baekhyun ကျွန်တော့်အပေါ်ထားတဲ့ ခံစားချက်တွေ ဖြစ်ပါစေတော့။

Heart-searching Nơi câu chuyện tồn tại. Hãy khám phá bây giờ