Heart-searching 💗

3.1K 565 18
                                    

Heart-searching 💗

Part-9

ဘူဆန်ကိုရောက်တော့ ညစာစားချိန် ကျော်နေပြီ။
Inn Na က သူ့မိဘတွေနဲ့ပဲ အတူနေတာမို့ ညစာကိုလည်း သူ့မိဘတွေနဲ့သာ အတူဝင်စားဖြစ်​၏။ ဒီမိသားစုက ကိုယ်နဲ့ ရင်းနှီးနေတာလည်း နှစ်အတော်ကြာပြီကိုး....

" သား...Chanyeol , များများထည့်စားလေ "

" ဟုတ်ကဲ့ Ommonim... စားနေပါတယ် "

အဖေ နောက်အိမ်ထောင်ထပ်ပြုလိုက်ကတည်းက အမေဟာ သူ့မိသားစုနဲ့သူ ပြန်နေတာကြောင့် ကိုယ်က အိမ်မှာ တစ်ယောက်တည်းကျန်နေခဲ့ရတာ။ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ထမင်းလက်စုံစားရတဲ့ နွေးထွေးမှု ခံစားချက်ကို Inn Na အိမ်ရောက်မှ ရရှိတာမို့ ဒီမိသားစုကို ကိုယ် ခင်တွယ်ပါတယ်။

" Chanyeol စားပြီးရင် ငါနဲ့ တစ်ခွက်လောက် သောက်ရအောင်ကွာ , ငါ့သမက်လောင်းနဲ့ မသောက်ရတာ ကြာလှပြီ "

" ဟုတ်ကဲ့ "

Inn Na တို့အိမ်ကလည်း သားယောကျာ်းလေး မရှိတာမို့ ကိုယ့်ကို အားထားတာ ကိုယ်သာအသိ။ နေရာရနေပြီးသား ဒီမိသားစုလေးအပေါ် ကိုယ့်လုပ်ရက်တွေ မှားနေမှာ စိုးရိမ်တယ်။ ခဏလောက်တော့ အတွေးထဲက ထွက်သွားပေးပါဦး Baekhyun ရဲ့။

သက်ပြင်းချမိတော့ Inn Na က လှည့်ကြည့်လာပြန်တယ်။ ဒါပေမယ့် ကိုယ် ပြန်မကြည့်ဖြစ်ခဲ့ဘူး....

စားသောက်ပြီးသွားတော့ Inn Na လည်း သူ့အခန်းထဲမှာ သူ နားနေတယ်။ ကိုယ်ကတော့ ကိုယ့်အခန်းမှာ ရေမိုးချိုးပြီး အိမ်အောက်ကို ပြန်ဆင်းလာရတာ.... အဖေက သောက်ဖို့စောင့်နေမယ်လို့ မှာလိုက်တာကြောင့်ပေါ့။

" လာကွာ Chanyeol.... ငါ့ သမက်လောင်းလေး "

တပြုံးပြုံးဖြစ်နေတဲ့ Inn Na အဖေက ကိုယ့်ဆို သိပ်သဘောကျတယ်။ အမြည်းတွေ ပြင်ဆင်ပေးပြီး အခန်းထဲမှာ အနားယူနေတဲ့ Inn Na အမေကလည်း ကိုယ့်ဆို သိပ်အားထားတယ်။ Inn Na ကလည်း ကိုယ့်ကို သိပ်ချစ်တယ်။ ဒီလို ဒီလို အသိုင်းအဝိုင်းထဲကနေ ထွက်ဖို့ဆိုတာ ကိုယ့်အတွက်တော့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်သွားလေမလား။ အားနာစရာသိပ်ကောင်းမှာတော့ အမှန်ပဲ။

Heart-searching Where stories live. Discover now