Heart-searching 💗

3.4K 638 34
                                    

Heart-searching 💗

Part-16

ဆေးရုံခန်းထဲက ဆေးနံ့တွေကို စိမ်းသက်သက်ဖြစ်ပေမယ့် အမေ တစ်ယောက်လုံး မကျန်းမမာဖြစ်နေတော့လည်း မမှုနိုင်။ ဒီနေ့ခင်းတော့ အမေ့ဆီ လာဖြစ်တယ်။
ကုတင်ခေါင်းရင်းကို ခပ်မြင့်မြင့်လေး ထားပေးကာ ထိုင်စေတော့ ကျွန်တော်လုပ်သမျှ လိုက်ကြည့်နေ​၏။

" သက်သာတယ်မဟုတ်လား အမေ "

" အင်း.... ဒီနေ့တော့ နေလို့ကောင်းပါတယ် "

" ဆေးရုံက နောက်အပတ်လောက်ထိ နေရဦးမယ်ပြောတယ် , ပြန်ချင်နေပြီလား "

အမေလည်း ဆေးရုံဆေးခန်း မုန်းတဲ့သူမို့ အကြောင်းသိစွာ စနောက်လေတော့ ခပ်ပြုံးပြုံးလေး တုန့်ပြန်တယ်။

" ဒါနဲ့ မနေ့က Inn Na ဖုန်းဆက်တယ် သား , ဒီနေ့ လာမလို့တဲ့ "

" ဗျာ.... Inn Na က ဒီနေ့လာမယ် ? "

" အင်းလေ , အရမ်းလိမ္မာတဲ့ မိန်းကလေးပါကွယ် , အမေတော့ သားကောင်မလေးကို သိပ်သဘောကျတာပဲ "

ပြုံးပြီးပြောနေတဲ့ အမေ့စကားတွေနောက် ငြိမ်ကျသွားရတာက ကိုယ်တိုင်ပါပဲ။ အရင် အမေနဲ့ ကိုယ်နဲ့ အဆက်အသွယ် နည်းစဉ်အခါတည်းက Inn Na က အမေနဲ့ အဆက်အသွယ်ရှိပုံပဲ။ ငယ်ငယ်တည်းက မိဘချင်းလည်း ရင်းနှီးပြီးသားမို့ Inn Na နဲ့ အမေက မစိမ်းတာ ကိုယ် သိတယ်။ အခု သူလာမယ့်အကြောင်း အမေ့ဆီပဲ ဆက်သွယ်ထားတာကလည်း ထူးဆန်းတာတော့ မဟုတ်ပြန်ဘူး။

ကိုယ်ကပဲ မနှစ်မြို့တာဖြစ်မယ်ထင်ပါတယ်....

စကားပြောနေရင်း ခဏကြာတဲ့အခါ အခန်းတံခါးခေါက်သံ ကြားလိုက်ရ​၏။ လှည့်ကြည့်မိတော့ အခန်းထဲ ဝင်လာတာက Inn Na... 
ကျွန်တော်ထိုင်နေတာမြင်တော့ ကြောင်တောင်တောင် ဖြစ်သွားရာက ပြန်တော့ပြုံးပြလာပါတယ်။

" အမေ သမီးရောက်ပြီ "

" လာပြီလား သမီး.... အလုပ်ကိစ္စရော အဆင်ပြေရဲ့လား "

" ဟုတ် ပြေတယ် အမေ , ပြီးတာနဲ့ အမေ့ဆီ တန်းလာခဲ့တာ.... "

အခုချိန်ထိ Inn Na ကျွန်တော့်ကို စကားမပြောသလို ကျွန်တော်ကလည်း ငဲ့မကြည့်ဖြစ်ဘူး။ သူဖုန်းဆက်ရင်တောင် ကိုယ် မကိုင်ခဲ့တာ များလာတော့ ဒီရက်ပိုင်း သူ ကိုယ့်ဆီ မဆက်သွယ်တော့ဘူး။ မှတ်ထားတာလည်း မဟုတ်တာကြောင့် သူနဲ့ကိုယ် မဆက်သွယ်ဖြစ်တာ ၃ ရက်လား ၄ ရက်လားတောင် သေချာမသိဘူး။
အရောင်မှိန်လာတဲ့ သစ္စာတရားတွေရဲ့ နောက်မှာ လစ်ဟင်းမှုတွေ ကပ်ပါလာတော့တာပါပဲ။

Heart-searching Where stories live. Discover now