Heart-searching 💗

3.3K 608 17
                                    

Heart-searching 💗

Part-19

ခဏခဏ ဝင်ထွက်နေတာမျိုးတော့ မဟုတ်ပေမယ့် Chanyeol က Baekhyun အိမ်ကို ရင်းနှီးနေပြီ။ မနက် အိပ်ယာနိုးလို့ ရေထချိုး Baekhyun ရဲ့ over size တွေထဲက သူ့ဘာသာသူ ထုတ်ဝတ် , နောက်ပြီး မနက်စာအဖြစ် ရေနွေးအိုးတည်ကာ ကော်ဖီပါဖျော်နေပြီ။ ထို့နောက် ကော်ဖီခွက်လေးကိုင်ကာ Baekhyun အိပ်နေတဲ့ အခန်းထဲ ပြန်ဝင်လာ​၏။

စောင်တွေကြားထဲ ခြေချောင်းလေးတွေနဲ့ လက်ချောင်းထိပ်လေးတွေပဲ မြင်ရပြီး တစ်ကိုယ်လုံးက စောင်ပုံထဲမှာ..... ညက တော်တော်နဲ့မအိပ်ပဲ ကိုယ်နဲ့ ကိုယ့်အမေအကြောင်းကအစ သူ့မိသားစုအကြောင်းပါမကျန် ပြောဖြစ်ကြလေတော့ အခု မနက် ၈ နာရီကျော်တဲ့အထိ Baekhyun က အိပ်လို့ကောင်းတုန်း။

Chnayeol အိပ်ခဲ့တဲ့ ကုတင် ညာဘက်ခြမ်းအထိ ခြေဆန့်ထုတ်ထားတာမို့ ကုတင်အလယ်မှာ ခပ်စောင်းစောင်းဖြစ်နေတော့တာ။ Chanyeol တစ်ချက်ရယ်လိုက်ပြီးမှ ကုတင်အစွန်းလေးမှာ ဝင်ထိုင်ကာ လက်ထဲက ကော်ဖီခွက်ကို ဘေးက စားပွဲပေါ် လှမ်းတင်လိုက်​၏။ ထို့နောက် ခေါင်းရင်းဘက်က စောင်ထဲကနေ ထိုးထွက်နေတဲ့ လက်ချောင်းလေးတွေကို အသာတို့ထိကာ....

" ဟေ့...အိပ်ပုတ် , မထသေးဘူးလား "

လေသံခပ်တိုးတိုးနဲ့ နှိုးလိုက်ပေမယ့် Baekhyun က အနည်းငယ်တော့ လှုပ်ရှားလာပါရဲ့။ စောင်ထဲက ထွက်လာတာတော့ မဟုတ်သေးဘူး။ သူ့လက်ချောင်းလေးတွေကိုပဲ ပြန်လည်ဆုပ်ကိုင်လာတာ။

" ထရအောင်လေ Baekhyun ရဲ့ , မနက်ဖြန် စာမေးပွဲရှိတယ်ဆို.... ဟင် "

" ဟင်း.... စာကြည့်တိုက်ပဲသွားမှာ "

အိပ်ချင်မူးတူးနဲ့ ပြန်ဖြေလာပုံက Chanyeol အတွက် အသည်းယားစရာလေး....
နောက်ဆုံး အူယားလွန်းစွာပဲ စောင်လေးကို ဆွဲခွာချတော့ မျက်လုံးအစ်အစ်လေးတွေနဲ့ အိပ်ချင်ပြေပုံမရဘူး။

" ငိုထားတာကွာ....မျက်လုံးတွေ အစ်နေပြီ ကြည့်ဦး "

ပြောလည်းပြော သူ့မျက်ခွံလေးတွေကို အသာဖိပေးနေတော့ ဂျစ်တူးလေးက ဇိပ်ခံပြီး ပြန်အိပ်တော့မှာ။

" မထချင်သေးဘူးလား.... ကိုယ် ဆိုင်သွားရဦးမှာ "

ဆိုတော့မှ မျက်လုံးလေးတွေ တစ်ဖက်ချင်းဖွင့်ကြည့်ပြီး သန်းပြလာ​၏။
ဒီပုံစံလေးကိုပဲ Chanyeol တစ်ယောက် ကြည့်နေမိတာ ပြုံးလို့။ ရင်တွေလည်းခုန်လို့။

Heart-searching Where stories live. Discover now