Heart-searching 💗

3.3K 601 24
                                    

Heart-searching 💗

Part-20

တနေ့က စိတ်ဆိုးပြီး ပြန်သွားကတည်းက Chanyeol က ဖုန်းမဆက်တော့ဘူး။ ဆိုင်မှာ တွေ့လည်း ရုပ်တည်ကြီးနဲ့ ကျွန်တော့်ဆီ လှမ်းလည်း ကြည့်မလာသလို အပြန်လည်း လိုက်မပို့တော့ဘူး။ Chanyeol က အများကြီး စိတ်ဆိုးသွားပုံပါပဲ။

သူ့ဘက်ကမှ ဖုန်းမဆက်ရင် ကျွန်တော့်ဘက်က စပြီး ဖုန်းဆက်ဖို့ကိုလည်း အခုထိ မရဲတင်းသေးဘူး။ ဒါပေမယ့် အခုတော့ ဖုန်းဆက်ဖို့ သတ္တိမွေးရတော့မှာပါပဲ။ Chanyeol က ဘယ်လိုအချစ်ခံရမယ်ဆိုတာ ကောင်းကောင်းကြီး သိပုံရတယ်။

စာမေးပွဲဖြေနေရတာမို့ နာရီပိုင်းလေး ကျောင်းလာပြီးတာနဲ့ ပြန်ရတယ်....နေ့လည် ထမင်းစားချိန်ပေမယ့် ဒီနေ့ကျမှပဲ နေက ပူလိုက်တာလေ။ ခေါင်းထဲမှာ Chanyeol စိတ်ဆိုးပြေအောင် နားလည်မှုလွဲတာတွေ ပြေသွားအောင်လို့ ဘယ်လိုလုပ်ရမလဲပဲ တွေးနေတာမို့ အခုလည်း ကျောင်းလာကြိုဖို့ ဖုန်းဆက်လိုက်ရမလားလို့ တွေးမိပြန်တယ်​။ မသိတော့ဘူး.... တွေ့ချင်လှပြီ

ဖုန်းနံပါတ်လေး နှိပ်လို့ ဖုန်းဝင်နေတဲ့ အသံကို ရင်တထိတ်ထိတ်နဲ့ နားထောင်နေရတာလည်း ရင်ခုန်နှုန်းတွေ မြန်လွန်းတယ်....

" ဘာလဲ "

အသံခပ်ဩဩနဲ့ ပြန်ထူးတဲ့အသံက ပြောမယ့်စကားတို့တောင် ပျောက်ကုန်တယ်။ ကျွန်တော့် ကမ္ဘာကြီးက စိတ်ဆိုးနေတာ ပြင်းထန်လိုက်တာ!

" Chan..Chanyeol "

" ဘာလဲ "

သို့သော်လည်း အသံက ကလေးဆိုးကြီးတစ်ယောက် ကောက်နေတဲ့ အသံ။

" ဟို..ဟိုလေ , ကျွန်တော် ကျောင်းက ပြန်မလို့လေ.... အဲ့ဒါ နေကလည်း ပူနေတယ် , ကျွန်တော် ဗိုက်လည်း ဆာနေတာ... Chanyeol လာခေါ်ပါလားဟင် "

ပြောလိုက်တော့ တစ်ဖက်က ငြိမ်သွားတာ သိသိသာသာ.... ထို့နောက် ပြန်ပြောလာပါ​၏။

" ကိုယ့်အချစ်ကို အထင်သေးတဲ့ သူကိုတော့ လာကြိုမပေးနိုင်ပါဘူး ! ဆိုင်မှာလည်း လူကျနေတာ "

" ဟင်....ဒါဆို ကျွန်တော်က နေပူကြီးထဲမှာ တစ်ယောက်တည်း ပြန်ရမှာလား , အဟင့်.... Chanyeol က ဘာလို့ စိတ်ဆိုးနေတာလဲလို့ "

Heart-searching Where stories live. Discover now