Heart-searching 💗

3.3K 587 12
                                    

Heart-searching 💗

Part-7 

Chanyeol instagram မှာ Follow ပြန်လုပ်ကတည်းက Baekhyun တစ်ယောက် Ig မှာ Caption လှလှလေးတွေနဲ့ post တင်ဖို့က ဒုတိယအတွေးမိဆုံး အတွေးတွေ ဖြစ်လာခဲ့တယ်။ ပထမကတော့ Chanyeol အကြောင်းပေါ့။

အရင်က ပုံတင်ရင် caption တပ်ဖို့ဝေးစွ...ပုံတောင် သိပ်မတင်ဖြစ်ဘူး။ Instagram My Day ကိုလည်း မတင်ဖြစ်ခဲ့ဘူး။ အခုကတော့ အရင်နဲ့ ကွာခြားစွာပဲ Chanyeol အမြဲမပြတ် ဝင်ကြည်တတ်တဲ့ Ig My Day မှာလည်း တစ်နေ့တစ်မျိုးမရိုးရအောင် post တွေ တင်မိနေတာ....

ထူးဆန်းတာတစ်ခုက Chanyeol ဟာ အမြဲတစေ ဝင်ကြည့်တတ်တာပဲ။ တစ်ခါတစ်လေ ပထမဆုံး 1 seen က Chanyeol ဖြစ်နေတတ်တာမျိုး....

ဒီလိုအချိန်ဆို ကျွန်တော် သိပ်ကြည်နူးတာပဲ။

ဒီနေ့တော့ အလုပ်က ညနေပိုင်းမှဝင်ရတယ်။
ကောင်တာမှာ Chanyeol ထိုင်နေတာမို့ နှုတ်ဆက်လိုက်မိပေမယ့် Chanyeol က အရင်လို မပြုံးပြတော့ဘူး။ အရင်လိုလည်း မှန်ထဲကနေ တစ်ဆင့် ကျွန်တော်ရှိရာဆီ လှမ်းမကြည့်လာတော့ဘူး။ Chanyeol ဘာဖြစ်နေလဲ သိချင်လို့ ရူးရတော့မယ်...ဒါပေမယ့်လည်း ကိုယ့်မှာ မေးပိုင်ခွင့်မရှိဘူး။

မှာထားတဲ့ ခေါက်ဆွဲအေးက ရရင် မီးဖိုချောင် အဝထိ ဝင်ယူရတာမို့ ခေါက်ဆွဲအေးပန်းကန်ဝင်ယူနေတုန်း Chanyeol မီးဖိုချောင်ထဲ ဝင်လာတယ်။ ရုတ်တရက် အကြည့်ချင်းဆုံသွားပေမယ့် ခပ်မြန်မြန် အကြည့်လွှဲလိုက်တဲ့ Chanyeol ကြောင့် ကျွန်တော် ပြိုလဲရပြန်ပြီ။ ကျွန်တော့်ကို မမြင်ချင်ဘူးလား Chanyeol ရယ်.....

" Baekhyun... ခေါက်ဆွဲရနေပြီလေ ကလေးရဲ့​ , ဘာတွေငေးနေတာလဲ "

မီးဖိုချောင်က အဒေါ် သတိပေးတော့မှ ခေါက်ဆွဲပန်းကန်ယူဖို့ သတိရတယ်။ ငြိမ်ကျသွားတဲ့ စိတ်ကို ပြန်လည်တင်းရင်း အလုပ်လုပ်ဖို့ ကြိုးစားရတော့တယ်.....

အပြင်မှာ ရွာနေတဲ့ မိုးလို ကျွန်တော့် ရင်ထဲမှာလည်း မိုးရွာချနေလိုက် လေကြမ်းတွေ တိုက်နေလိုက်.... နောက်ပြီး Chanyeol ကို ခိုးခိုးကြည့်နေလိုက် ။

💚💚💚💚💚💚💚💚💚💚💚💚💚💚

" Inn Na နဲ့ စေ့စပ်ဖို့ စီစဉ်တော့ " လို့ ပြောလာတဲ့ အဘွားနဲ့ အဖေရဲ့ စကားမှာ ငြိမ်ကျသွားမိတာ တစ်နေကုန်ပဲ။ ဖြစ်သင့်တဲ့ စကားဖြစ်ပြီး လုပ်သင့်တဲ့ အလုပ်ဆိုတာလည်း နားလည်လက်ခံပေမယ့် တွန့်ဆုတ်နေတဲ့ ကိုယ့်ကိုကိုယ် ဘဝင်မကျဘူး။

Heart-searching Donde viven las historias. Descúbrelo ahora