Heart-searching 💗 X-Final

7K 759 86
                                    

Heart-searching 💗

Part-30

စနေနေ့ညဘက်ဆို အိမ်မှာနေတာထက် အပြင်လျှောက်သွားဖြစ်ကြတယ်။ နှစ်ယောက်လုံးက လူငယ် ယောကျာ်းလေးတွေပဲမို့ club နဲ့ Bar ကို ဦးတည်တာပဲ များပါတယ်။ ဟိုဟာဒီဟာ မပိတ်ပင်ပဲ သူကိုယ်တိုင် အနားမှာ အမြဲရှိပေးတဲ့ Chanyeol ကြောင့် ကျွန်တော့်မှာ လုံခြုံနွေးထွေးရသေးတာ...

အခုလည်း လူရှင်းတဲ့ club တစ်ခုမှာ ခဏထိုင်ပြီး စကားပြောဖြစ်ကြတယ်, နှစ်ယောက်အတူ ဓာတ်ပုံတွေလည်း ရိုက်ဖြစ်ကြတယ် , တစ်နေ့တာ ကြုံရတဲ့ စိတ်ညစ်စရာတွေ ပျော်စရာတွေကိုလည်း မျှဝေဖြစ်တယ်။ ဒါမှမဟုတ် သီချင်းသံနဲ့အတူ လှုပ်ရှားကခုန်ဖြစ်တယ်။ တစ်ပတ်မှာ တစ်ရက်တော့ ဒီလို အပြင်ထွက်ဖြစ်ကြပါတယ်။

" အိမ်ပြန်ချင်ပြီလား အသည်း "

" ဟုတ် ပြန်ကြမယ်လေ , ၁၂ နာရီ ထိုးတော့မယ် "

" အင်း ... ခါးပတ်သေချာပတ် "

" ပတ်ပြီးပါပြီတဲ့ဗျာ "

စိတ်ပူတတ်တဲ့ သူ့ကို စနောက်တဲ့အနေနဲ့ ခပ်ရွဲ့ရွဲ့ဖြေလိုက်တော့ အသံကျယ်ကျယ်နဲ့ ရယ်လာတယ်။ ကားမောင်းရမှာမို့လို့ Chanyeol က မသောက်ပေမယ့် သူက တစ်ခွက်သောက်ထားတာမို့ ရီဝေဝေလေးသာ.... ကားမောင်းနေတဲ့ Chanyeol က သိပ်စတိုင်ကျတာမို့ အကြည့်တွေ မလွှဲမိဘူး။ ထိုအခါ ....

" ဒီအကြည့် ဒီအပြုံးမျိုးတွေနဲ့ ခင်ဗျားလေးက ကျွန်တော့်ကို ဘာဖြစ်စေချင်တာလဲ "

" ချစ်တယ် ..."

မျက်လုံးလေးတွေမှာ မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေ ဘယ်နှစ်ခုရှိလဲ ရေတွက်ကြည့်ချင်ပါရဲ့။ ချစ်တယ်လို့ ပြောလာလေတိုင်း Baekhyun မျက်ဝန်းထဲက ကြယ်လေးတွေကို သူ ရေတွက်ချင်မိတဲ့အထိ တလက်လက်နဲ့ တောက်ပနေတော့တာ။ တစ်သက်တာလုံး အပိုင်သိမ်းထားချင်မိတဲ့ ကြယ်ပွင့်လေး ...

" ကိုယ်လည်း ချစ်တာ သိရင် အရှေ့သေချာလှည့်ပြီး ထိုင်တော့ , ကိုယ် ရင်ခုန်နေလို့ ကားမမောင်းရဲတော့ဘူး "

" သိပါပြီ "

စနောက်လိုက်ရလို့ ပျော်နေတဲ့ မျက်နှာရွှင်ရွှင်လေးနဲ့ပဲ အရှေ့ပြန်လှည့်ပြီး ထိုင်တယ်။ ဂျစ်တူးက အိပ်ချင်နေလို့ ထပ်ပြီး ဂျီကျမလာတော့ဘူး။

You've reached the end of published parts.

⏰ Last updated: Sep 16, 2020 ⏰

Add this story to your Library to get notified about new parts!

Heart-searching Where stories live. Discover now