Heart-searching 💗

3.2K 582 22
                                    

Heart-searching 💗

Part-8

Chanyeol အိမ်ရဲ့ ခြံဝင်းလေးက ခပ်ကျယ်ကျယ်။
စားပွဲဝိုင်းလေးကို ခြံရံကာ ခုံလေး သုံးခုံလောက် ချထားသေးတာကြောင့် Chanyeol က ထိုခုံလေးတစ်ခုံမှာ ဝင်ထိုင်နေ​၏။ ညက မိုးရွာပေမယ့်လည်း ဒီမနက်တော့ နေထွက်လာတာကြောင့် ခုံက အစိုဓာတ်နည်းနည်းသာ ကျန်ရစ်သည်။

ထိုင်နေရင်း အကြည့်တို့က ဘယ်ဘက်လက်သူကြွယ်ရှိ လက်စွပ်ထံသို့ ရောက်သွားတဲ့အခါ ရှုပ်ထွေးနေတဲ့ စိတ်ကနေ မှားနေပြီဆိုတဲ့ အသိတို့ ဝင်လာ​၏။ တစ်ဖန် Inn Na ကို အားနာလာရပြန်တယ်။ အကြောင်းမဲ့သက်သက် အားနာလာရတာ မဟုတ်ပဲ မနက်မိုးလင်းတည်းက ကိုယ့်အတွေးတွေထဲ နေရာယူထားတဲ့ တစ်စုံတစ်ယောက်ကြောင့်ဆိုတာ ကိုယ်အသိဆုံး။

" Chan.... မနက်စာ စားမယ်လေ "

အသံလာရာ လှည့်ကြည့်လိုက်တော့ Inn Na က အခုမှ အိပ်ယာနိုးလို့ မျက်နှာသစ်လာပုံ။ ခြံထဲဆင်းလာပြီး မနက်စာစားဖို့ လာခေါ်​၏။

" Chan....နေမကောင်းဘူးလား ! ဘာတွေတွေးနေတာလဲ "

" နေကောင်းပါတယ် "

ကျွန်တော်မထသေးတာကြောင့် သူက မျက်နှာချင်းဆိုင် ခုံလေးမှာ ဝင်ထိုင်သည်။ ထို့နောက် ကျွန်တော့်ကို ပြုံးပြီးကြည့်လာကာ.... 

" ဖေဖေတို့က Inn Na တို့ကို စေ့စပ်ဖို့ပြင်ခိုင်းနေပြီ Chan , ဘယ်တော့လောက် လုပ်ကြမလဲဟင် "

ပြောလိုက်တော့ အကြည့်တွေ ငိုက်ကျသွားတဲ့ Chan က Inn Na ရင်ထဲကို မြင်ပုံမပေါ်ဘူး။ မနေ့ညတည်းက နေရာယူနေတဲ့ ပူပန်မှုတွေကို အပြုံးတုတွေနဲ့ ဖုံးကွယ်ထားရတာ ပင်ပန်းတယ် Chan ရယ်......

" အရမ်း စောနေသလားလို့.... Inn Na , ငါတို့လည်း ငယ်သေးတာပဲ "

" ငယ်သေးလို့ စေ့စပ်ထားတာပေါ့ Chan ရဲ့ , မငယ်တော့တဲ့အရွယ်ဆို လက်ထပ်လိုက်ရုံကို "

စနောက်သလိုလေး ပြောလိုက်တော့ အသက်မပါတဲ့ အပြုံးနဲ့သာ တုန့်ပြန်လာ​၏။
မနေ့တနေ့ကအထိ ငါက နင့်ကိုပဲ လက်ထပ်မှာပါလို့ ပြောတတ်တဲ့ Chan က ဒီမနက်ကျတော့ တွေဝေနေလိုက်တာ....
အရင်အပတ်တွေကအထိ ကိုယ်လာအိပ်တဲ့ နေ့တွေဆို ညဘက်တွေ မရိုးအောင် လျှောက်သွားဖို့ ခေါ်တတ်တဲ့ Chan က ဒီရက်ပိုင်း ကိုယ် သူ့အိမ်မှာ ရှိတယ်ဆိုတာရော သတိရသေးရဲ့လား။
တွဲလာတဲ့ နှစ်နှစ်ဆိုတာကလည်း ကိုယ့်ဘက်က နီးစပ်အောင် အမျိုးမျိုး ကြိုးစားနေလို့သာ အများက အားကျနေရတဲ့ အတွဲရယ်လို့ ဖြစ်နေတာ

Heart-searching Tempat cerita menjadi hidup. Temukan sekarang