Heart-searching 💗

3.2K 581 42
                                    

Heart-searching 💗

Part-22

ညက club ကနေ ၂ နာရီလောက်မှ ပြန်လာကြတာမို့ Chanyeol က ဒီမှာပဲ အိပ်ဖို့ ခွင့်တောင်းလာတယ်။ ကိုယ့်ဘက်က နှစ်နှစ်ကာကာ စချစ်ရတဲ့သူမို့ သူဘာပဲတောင်းဆိုတောင်းဆို မငြင်းနိုင်ကြောင်းတော့ မပြောပြတော့ပါဘူး။ ထနေကျ အချိန်မဟုတ်သေးပေမယ့် ရေဆာလွန်းလို့ နိုးလာခဲ့ရပြီး အခုတော့ ရေထသောက်ကာ ကိုယ့်နေရာလေးမှာပဲ ကိုယ်ပြန်လှဲမိတယ်။

အိပ်ပျော်နေတဲ့ Chanyeol က စတိုင်သိပ်ကျတာပဲ။ မျက်စိရှေ့မှာ မြင်နေရတဲ့ လည်ဇလုပ်ကအစ မျက်လုံးလေး လှန်ကြည့်မိလို့ မြင်ရတဲ့ မျက်တောင်ခပ်စိတ်စိတ်လေးတွေအဆုံး အရာရာ ခမ်းနားလွန်းတယ်။
ချစ်လိုက်တာ Chanyeol ရယ်....
ကျွန်တော် Chanyeol နဲ့မှ မဟုတ်ရင် မဖြစ်တော့တဲ့ အထိပါပဲ။

ကျွန်တော် ခွင့်ပြုလိုက်တယ်ဆိုရင်ပဲ တဖွဖွ ခြွေယူလာတဲ့ နှုတ်ခမ်းဖူးဖူးရဲ့ အနမ်းတွေက သိပ်ကို ရင်ခုန်စရာပဲ။ ကိုယ်တိုင်လည်း ယောကျာ်းတစ်ယောက် ဖြစ်ပါလျှက်နဲ့ တခြားယောကျာ်းတစ်ယောက်က ပေးလာတဲ့ အနမ်းကို ရင်ခုန်ရတာမျိုး , သူ ပေးလာတဲ့ ကြင်နာမှုကိုမှ လိုလိုချင်ချင် ခံယူမိတာမျိုး , သူ့ဆီက ရတဲ့ အချစ်တွေနဲ့ပဲ ကိုယ့်မနက်ခင်းတွေ လှပချင်တာမျိုး...

Chanyeol သိလား။
ကျွန်တော်က ယောကျာ်းလေးတွေကို ကြိုက်တာမဟုတ်ပဲ Chanyeol တစ်ယောက်တည်းကိုပဲ ကြိုက်တာ....
ဒါဟာ ဘုရားက သတ်မှတ်ပေးတဲ့ ဝိဉာဉ်ဖက်မှ မဟုတ်ရင် ဘာဖြစ်လိမ့်မလဲ။

မေးစေ့လေးကို တစ်ချက် နမ်းပြီး သူ့ လည်တိုင်ကြားထဲ ခေါင်းလေး တိုးဝင်မိပါရဲ့။ စောင်အောက်မှာရှိတဲ့ သူ့ခြေထောက်တွေပေါ် ကျွန်တော့်ခြေထောက်တစ်ဖက် လှမ်းတင်ရတာမျိုးလည်း ကျွန်တော်က နှစ်သက်တယ်။
ခါးကိုဆိုလည်း တင်းတင်းကြပ်ကြပ် မဟုတ်ပဲ ခပ်သာသာလေး ဖက်ပေးရတာမျိုးကို ကျွန်တော်က နှစ်သက်တယ်။ါပေမယ့် Chanyeol ကတော့ ကျွန်တော့်ကို ဖက်တွယ်တဲ့အခါ တင်းတင်းကြပ်ကြပ် ဖက်ထားပေးမှ ရမှာနော်.....

" အင်း...ယားတယ် Baekhyun ရဲ့ "

လည်ပင်းကြားထဲ ဆံပင်ရောက်နေတာ သူ မနေတတ်ဘူးနဲ့ တူပါတယ်။ ယားတယ်လို့ ဆိုလာပေမယ့် ဖယ်ခွာသွားတာမျိုးလည်း မရှိဘူး။ ခေါင်းလေးကို နှစ်ချက်လောက် ပုတ်ပေးပြီး ကျောပြင်ကိုပါ ထပ်ပုတ်ပေးလို့ ချော့သိပ်နေရဲ့။

Heart-searching Where stories live. Discover now