Heart-searching 💗

3.4K 658 77
                                    

Heart-searching 💗

Part-29

ကားမောင်းနေတဲ့ Chanyeol က စကားတွေ ပြောနေသလောက် ဘေးခုံမှာ Baekhyun ကတော့ မလှုပ်မယှက်ထိုင်နေ​၏။ ဒီနေ့ အမေနဲ့ သွားတွေ့ရအောင်နော် လို့ ပြောလာတဲ့ Chanyeol စကားအဆုံး မလိုက်ဘူးလို့ ငြင်းခဲ့ပါတယ်။ သို့သော်လည်း သူ့ကို ယုံပါ လို့ ပြန်ပြောလာတာမို့ ဆက်မငြင်းဖြစ်ခဲ့ဘူး။

သူ့အမေနဲ့ ကိုယ့်ကြားမှာ ဒီ့ထက်ကောင်းလာစရာ ဆက်ဆံရေးလည်း မရှိလောက်ဘူး.....

မီးပွိုင့်မိနေတုန်း ပေါင်ပေါ်တင်ထားတဲ့ ကျွန်တော့်လက်ကို ဆုပ်ကိုင်လာတဲ့ Chanyeol ကြောင့် လှည့်ကြည့်မိတယ်။

" ကိုယ်ရှိတယ် ... ကိုယ့်ကိုပဲ ကြည့် "

" အင်းပါ "

ရောက်သွားတော့ အိမ်ရှေ့မှာပဲ ကားရပ်ခဲ့ပြီး ခြံတံခါးဖွင့်ကာ အထဲဝင်မယ်လုပ်တော့ ချစ်ရသူက လက်ကို မြဲမြဲ ဆုပ်ကိုင်ထားဆဲပဲ။ ဘယ်တော့မှ မလွှတ်ပေးတော့ဘူးလို့လည်း ပြောလာတယ်။ သို့သော် အိမ်ထဲဝင်ဖို့အလုပ်မှာ Chanyeol က ခြေလှမ်းတွေ ရပ်ပစ်လိုက်တာကြောင့် Baekhyun က ကြောင်တောင်တောင်လေး မော့ကြည့်လာတယ်။
Chanyeol အကြည့်တွေက ခြံထဲမှာရပ်ထားတဲ့ ကားတစ်စီးစီမှာ....

" လာပါမယ်လို့ ဖုန်းကြိုဆက်ထားတာတောင်မှ ... ကျစ် ! "

" ဘာ...ဘာဖြစ်လို့လဲ Chanyeol "

Chanyeol ပြန်ဖြေမလို့ အလုပ်မှာပဲ အိမ်ထဲက ထွက်လာတဲ့ အမျိုးသမီးတစ်ဦး၊ တစ်နည်းအားဖြင့် Chanyeol ရဲ့ မိခင်။

" ရောက်လာကြပြီပေါ့ "

ချစ်ရသူရဲ့ မိခင်ဆိုတဲ့ အသိကြောင့် အရိုအသေပေးလိုက်ပေမယ့် ကိုယ့်ဘက်ကလည်း မျက်နှာတည်နေလောက်တယ်။

" ဝင်လာလေ " ဆိုကာ ခပ်ပြုံးပြုံးပဲ အိမ်ထဲပြန်ဝင်သွားတာမို့ Chanyeol က ကျွန်တော့်လက်ဖမိုးကို တစ်ချက် ဖိနမ်းလာကာ....

" ဝင်ရအောင် အသည်း "

သို့သော်လည်း အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းမှာ တွေ့လိုက်ရတာက Chanyeol ရဲ့ သက်ဆိုင်သူ။ ခုနက Chanyeol မျက်မှောင်ကြုတ်ပြီး ကြည့်နေခဲ့တဲ့ ကားက သူမရဲ့ ကား ဖြစ်မယ်ထင်တယ်။ သူမကလည်း အလန့်တကြား မော့ကြည့်လာတာမို့ ကျွန်တော်တို့လာမယ်ဆိုတာ သိပုံမပေါ်ဘူး။

Heart-searching Where stories live. Discover now