Heart-searching 💗

3.5K 611 10
                                    

Heart-searching 💗

Part-15

တစ်ပတ်မှာတစ်ရက် ပိတ်တဲ့ အလုပ်ပိတ်ရက်လေးကို ညစာစားရအောင်ဆိုပြီး ခေါ်လာတာက သူစားနေကျဖြစ်တဲ့ ရိုးရာဆိုင်လေး။ ခုံနဲ့ထိုင်ရတဲ့နေရာလည်း ရှိသလို အခင်းနဲ့ ထိုင်ရတဲ့ နေရာလည်း ရှိတာကြောင့် Chanyeol က အခင်းနဲ့ ထိုင်ရမယ့် အပေါ်ဆင့်လေးပေါ် ဖိနပ်ချွတ်၍ အရင်တက်သွားသည်။

" ဒီမှာ ထိုင်ရအောင် Baekhyun.... လေရတယ်မလား "

ကျွန်တော်အပူမခံနိုင်တာ မှတ်ထားပေးတဲ့ Chanyeol က လေအေးပေးစက်နဲ့ မနီးမဝေးမှာ ဝင်ထိုင်စေတယ်။ ရင်ထဲ ကြည်နူးမှုက သိမ့်ခနဲ။

" Baekhyun စားတာ ကိုယ်လိုက်စားမှာမို့ Baekhyun ကြိုက်တာ မှာနော် "

ဆိုကာ menu စာအုပ် ပေးလာသည်။ ဘေးမှာ အမှာစာ ရပ်စောင့်နေတဲ့ ဝန်ထမ်းက အသင့်ရှိတာမို့ သူရောကျွန်တော်ရော စားလို့အဆင်ပြေလောက်မယ့် ဝက်သုံးထပ်သားနဲ့ နံရိုးစပ်သာ မှာလိုက်သည်။

မှာထားကာ မရောက်ဖူးတဲ့ဆိုင်လေးမို့ ဟိုကြည့်ဒီကြည့် ကြည့်နေမိတော့....

" ဒီနေ့ဘာတွေလုပ်လဲ Baekhyun "

" ကျွန်တော်လား... ဟင့်အင်း , ထွေထွေထူးထူးမရှိပါဘူး... ကျောင်းခဏသွားတယ် , ပြန်ရောက်တော့ game ဆော့တယ်... ရေချိုးပြီးတော့ Chanyeol လာခေါ်တယ်လေ "

" ဒါဆို game အကြာကြီးဆော့တယ်ပေါ့ "

ကလေးငယ်လေးတွေကို မေးခွန်းမေးသလိုမျိုး လေသံနုနုနဲ့ ခပ်ဆူဆူလေး ပြောလိုက်တော့ နှုတ်ခမ်းလေး စူလာပြန်တယ်။ Baekhyun ရဲ့ အကျင့်လေးက သူ မကျေနပ်တာ သေးသေးလေး ရှိနေရင်တောင် နှုတ်ခမ်းပါးလေး စူလာတတ်တာ ကိုယ် မှတ်ထားမိပြန်တယ်။

" game က ငယ်ငယ်တည်းက အဲ့လိုပဲ ဆော့တာ "

ကိုယ့်ကို ကြည့်မလာသလို ကိုယ့်ဆီ တိုက်ရိုက်ပြောတာလည်း မဟုတ်ပေမယ့် ကိုယ်ကြားအောင် ပြောလိုက်တာတော့ သိသာတယ်။ အသည်းယားအောင် လုပ်ပါဦး Baekhyun ရဲ့။

မှာထားတာတွေရပြီမို့ ကင်စရာရှိတာကင် စားစရာရှိတာ စား , သူ့ပန်းကန်ထဲလည်း ထည့်ပေးလိုက်တော့မှ ခေါင်းလေးတစ်လှုပ်လှုပ်နဲ့ အရသာခံပြီး စားတော့တာ , ထိုင်ကြည့်နေရင်း တွေးမိတာက Baekhyun အစားစားတဲ့အချိန်ဟာ ချစ်ဖို့အကောင်းဆုံးအချိန် ဖြစ်နေမလား။
မဟုတ်သေးဘူး.... နှုတ်ခမ်းစူထားတဲ့ အချိန်လေး ဖြစ်မယ်ထင်တယ်

Heart-searching Where stories live. Discover now