ကိုကြီးရဲ့ကောင်လေး အပိုင်း(၁)(zaw&un)

28.9K 934 34
                                    

Zawg
ကိုကြီးရဲ့ကောင်လေး အပိုင်း (၁)

မနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်၏လိုက်ကာစည်းခြားမှတိုးဝင်လာသည်။ထို့ကြောင့် ဂွမ်းသားပမာဖြူဖွေးလှသော ခိုကိုးရာ၏မျက်နာပေါ်မှ သွေးကြောကလေးများကို မြင်သာစေသည်။နှာတံစင်းစင်းနှင့် နှင်းဆီဖူးရောင်နူတ်ခမ်းပါးမှာ အသက်ပင်ဖြစ်သည်။

"အွန်း နေကလဲရောက်လာပြန်ပီလား"

ခုတင်ထိပ်မှ ကလေးပမာ လူးလှိမ့်စွာနေ၍ အတင်းရုန်းကန်ထလိုက်သည်။ရေချိုးမိုးချိုးပြင်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

"မေမေ မွ"

မီးဖိုချောင်မှ စားစရာပြင်ဆင်နေသောအမေကို အနောက်မှသိုင်းဖက်၍ ပါးလေးကိုနမ်းလိုက်၏။

"အမယ်လေး မေမေ့သားလေးနိုးပြီလား "

တစ်ဦးတည်းသောသားဖြစ်သောကြောင့် မိခင်မှာချစ်မဝနိုင်ပေ။ပါးနုနုလေးကို ညင်သာစွာကိုင်လျက် မေးလေသည်။

"ဟုက်ကဲ့"

"အိမ်ရေးဝရဲ့လားမေမေ့သားလေး"

"ဝပါတယ်မေမေရဲ့ မေမေ့ပါးလေးနမ်းလိုက်မှလန်းသွားတယ်"

"အမလေး မေမေ့သားအချွဲလေးကိုချစ်လိုက်တာ မွမွ'

သားမိနှစ်ယောက် ဖက်ကာ ပျော်မြူးကြနေသည်။

"သြော်... ဒေါ်လေး မောနီး"

"အော်ငါ့တွေ့သေးတာဘဲ "

"တွေ့ပါတယ် မနက်စောစောစီးစီး အပျိုကြီးကိုအရင်မြင်ရင်လာဘ်ပိတ်မှာစိုးလို့မမြင်ယောင်ဆောင်နေတာ"

အငေါ့တူးသောအဒေါ်အပျိုကြီးကို တစ်နေ့မစရမနေနိုင်သဖြင့် စနေပြန်သည်။

"ဘာ... မမတွေ့လား။ မမသား ညီမလေးကိုစော်ကားနေတာ"

လူကလဲမစွံ အပျိုကြီးဟူပြောသည်ကိုလဲမကြိုက်ပေ။

"အမယ်ငါ့သားပြောတာဘာအမှားပါလို့လဲ ညည်းကအပျိုကြီးမဟုက်လို့လား"

"မမ ညီမလေးကအခုမှ၎oကျော်အပျိုလေးပါ"

"ဟားးး ဟားး ဟားး"

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now