အပိုင်း(16)

4.8K 365 7
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၁၆)

"အစ်မ "

အိမ်ပြင်ထွက်လာသောခိုကိုး၏ဒေါ်လေးကို ဘုန်းထွဋ်ခေါ်လိုက်ခြင်းဖြစ်သည်။ခိုကိုးကိုမတွေ့ရသည်မှာ နှစ်ရက်ရှိပြီမို့ သူမနေနိုင်မထိုင်ဖြစ်ကာသူ့အတွေးတစ်ခုလုံးစိုးရိမ်စိတ်များလွှမ်းမိုးနေလျက်

"အေ ငါ့မောင်ပြောလေ ဘာကိစ္စရှိလို့လဲ"

"ဟို...ခိုကိုး ခြေထောင့်ဒဏ်ရာ အဆင်ပြေရဲ့လား"

ထိုအမေးကြောင့် ဒေါ်လေးဖြစ်သူ ထူးဆန်းသောအကြည့်နှင့်အတူ မျက်ခုံးလေးခဏကြုတ်သွား၏။

"မောင်ဘုန်းထွဋ် အမမေးပါရစေ ခိုကိုးနဲ့ရန်ဖြစ်ထားတာလား"

"မဟုက်ပါဘူး "

"မသိပါဘူးကွယ် မင်းကလဲခိုကိုးကိုမေးတယ်။ခိုကိုးကလဲ သူ့အကြောင်းမင်းကိုပြောမပြပါနဲ့တဲ့ ။ကဲ...အမဘယ်လိုလုပ်ကမလဲ ..."

"အမ ကျွန်တော့်ကိုပြောပြလို့ သူမသိလောက်ပါဘူး  ပြောပြလိုက်ပါ"

ဒေါ်လေးဖြစ်သူသက်ပြင်းအရှည်တစ်ချက်ချလိုက်ကာ မပြောချင်သောလေသံဖြင့်

"ဟူး... အမက ကတိ တည်တဲ့လူမျိုးကွဲ့ မပြောပြနိုင်ပါဘူးနော်။ဖယ်ဖယ် မောင်ဘုန်းထွဋ် "

ဘုန်းထွဋ်သည်ဒေါ်လေးကိုစိတ်မရှည်လာတော့ ။ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး ဒေါ်လေးဖြစ်သူလက်ကိုဆွဲကိုင်၍

"အမ ဒီနေ့လှလိုက်တာဗျာ ကျွန်တော့်ရင်ထဲတဆက်ဆက်ခုန်နေပြီမရယ်"

သူ၏ချိုသာသောအပြာနဲ့အကြည့်တွေကြောင့် ယင်ဖိုတောင်မသန်းဖူးသောအပျိုကြီးသည် ရှက်ရှက်ဖြင့် မျက်နှာကလေးနီရဲလာသည်။မျက်နှာမှာလည်းပြုံးဖြီးလျက်

"အို ... မောင်ဘုန်းထွဋ်ကလဲ အိမ်ရှေ့ကြီးမှာ အမရှက်တယ် "

"မရှက်ပါနဲ့ကျွန်တော်တကယ်ပြောတာ အမအရမ်းလှတယ် ။ဒီနေ့ဝတ်ထားတဲ့ဝတ်စုံကလေးနဲ့သိပ်ချစ်စရာကောင်းတယ်"

ဘုန်းထွဋ် ပြောသမျှစကားပြောကြောင့် ဒေါ်လေးရင်တွေခုန်နေရတော့သည်။

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now