အပိုင်း(31)

4.6K 324 0
                                    

zawg

                 ကိုကြီးရဲ့ကောင်လေး အပိုင်း(၃၁)

ဘုန်းထွဋ်ရေထဲနှစ်ဝင်သွားသည်ကိုမြင်သောအလုပ်သမားတစ်ယောက်သည်ငိုမဲ့မဲ့ဖြင့် အသံကိုကျယ်လောင်စွာ

"လာကြပါဦး။ ဒီမှာမောင်ဘုန်းထွဋ်ရေနစ်နေလို့။ ကယ်ကြပါဦး..."

ထိုအသံကိုကြားသည်နှင့်အလုပ်သမားများနှင့်ပိုးသားထွက်လာကာဘုန်းထွဋ်ကိုဆယ်ထုတ်ပြီးအသက်ကယ်နည်းအမျိုးမျိုးနှင့်ကယ်ဆယ်ကြတော့သည်။ ကံကောင်းသည်ဟုဆိုလောက်သည် ဘုန်းထွဋ်ကိုကမ္ဘာကြီးကသေခွင့်မပေးသေးပေ။အသက်အမြန်ပြန်ရှူလာခဲ့၏။သို့သော်သူမျက်လုံးအသာပြန်ပိတ်သွားသည်။ ဒီလောကတွင်သူအသက်ရှင်ချင်သေးပုံမပေါ်ချေ။အသက်ပြန်ချင်လာမှန်းသိသိချင်းမျက်လုံးစုံမှိတ်ကာခွန်အားများကိုလျော့ချလိုက်သည်။ပိုးသားမှာလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြင့်ထိုင်ကာငိုချ၍

"ကိုကို... ကိုကို မသေပါနဲ့ ကိုကို...ဟင့် ...ဟင့်..."

မကြာမီဆရာဝန်ရောက်လာပြီးအဆင်ခြေကောင်းကြောင်းပြော၍ပြန်သွားခဲ့သည်။ဘုန်းထွဋ်ကိုကုတင်ထက်တွင်ပေးအနားယူကြကာ အားလုံးအခန်းထဲမှထွက်သွားကြ၏။

"ကိုကြီး ချစ်တယ် ။ကိုကြီး လာ လာ ဒီမှာပန်းတွေအများကြီးရှိတယ်။ ကျွန်တော်ဟင်းချက်တက်နေပါပြီနော်။ ကြက်ဥကြော်လောက် ဟဲ ဟဲ ။ကျွန်တော့်ကိုမချစ်ဘူးလား ။ကျွန်တော့်ကိုချစ်ရင်အလိုလိုက်လေဗျာ"

တိမ်တိုက်များသဖွယ်အဖြူရောင်များဖုံးလွမ်းနေသောနေရာတစ်ခုတွင်ဘုန်းထွဋ်ကိုခေါ်ဆောင်ကာ နူးညံ့သောအပြုံးလေးတွေနှင့်ချွဲနေနေသောခိုကိုးကြောင့်သူပြုံးမိသည်။

"ကျွန်တော့်ကိုဘယ်လောက်ချစ်လဲ။ အများကြီးလား။နည်းနည်းလေးလား။"

သူဘယ်လောက်ချစ်လဲပြန်ဖြေချင်ပေမဲ့ နူတ်မှစကားသံများထွက်မရဖြစ်နေသည်။သူအားကုန်ကြိုးစားပြောနေပါသော်လည်းထွက်မလာသောအသံကြောင့်ကိုယ့်ကိုယ်ကိုစိတ်တိုလာ၏။ခိုကိုးမှာတော့မျက်နှာငယ်လေးဖြင့်

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now