အပိုင်း(27)

4.1K 321 6
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၂၇)

"ပိုး ပိုး "

စကားပြောရင်းပင် ပိုးအသက်ရှူနှုန်းမြန်ဆန်လာကာ မျက်စံများကလည်း ဟိုဘက်ဒီဘက်လျင်မြန်စွာ ရွဲ့လျားလာသည်။ ချွေးများစွာလည်းကျလာပြီး မျက်ရည်များဝဲကာ နားနှစ်ဖက်ကိုလက်နှင့်အုပ်လျက်

"ပိုးမသိဘူး ပိုးမသိဘူး ပိုးမသိဘူး..."

ငိုသံလေးဖြင့်ငိုနေရာမှနောက်ဆုံးအခါတွင်ကြောက်လန့်စွာအော်လိုက်ပြီးနောက်သူပါတစ်ပြိုင်နက်မေ့လဲသွားသည်။ဘုန်းထွဋ် မျက်လုံးပြုးမျက်စံပြူးဖြင့် အံ့သြစိုးရိမ်မူတို့ပေါင်းစုံပြီး ပိုးကိုလှုပ်ခါနိုးနေ၍ မာန်လည်းဆရာဝန်ကိုပြေးခေါ်လိုက်တော့သည်။

ဆရာဝန်ကုသပြီးနောက်တွင် ပိုးပြန်လည်သတိရလာခဲ့၍ ဘုန်းထွဋ်စိုးရိမ်တကြီးပိုး၏ခေါင်းလေးကိုကိုင်ကာ

"ပိုး သတိပြန်ရပြီလား "

ထူးဆန်စွာဖြင့်ပိုးသူ့ကိုကြည့်ပြီးမှ ရုတ်တရက်ထငိုပါတော့သည်။

"ကြောက်တယ် အနားမလာနဲ့ကြောက်တယ် ကြောက်တယ်"

ညီမလေးကိုသူနားမလည်စွာကြည့်နေမိ၍မာန်လည်းပိုးနားသို့ရောက်လာပြီး

"ကိုမာန်ရှိတယ် ကိုမာန်"

သူ့ရင်ဘက်ကိုလက်လေးနဲ့ပုတ်ကာ ပြောရှာသော်လည်း ပိုး မာန်ကိုပင် သိပုံမပေါ် ခေါင်းလေးသာခါရမ်း၍

"ကြောက်တယ် အနားမလာပါနဲ့နော် တောင်းပန်ပါတယ် "

ပိုး၏မူမမြန်သောစကားမျာနှင့်အတူလက်အုပ်လေးချီကာတောင်းပန်နေမူကြောင့် သူတို့နှစ်ယောက်စလုံး ဘေးမှမတ်တပ်ရပ်နေသောဒေါက်တာကိုအားကိုးတကြီးကြည့်လိုက်မိသည်။

အခန်းအပြင်ဘက်တွင်ဒေါက်တာသည် ညီကိုနှစ်ယောက်ကို လေးနက်သောမျက်ဝန်းတို့ဖြင့်

" လူနာက အရမ်းဖိအားများတယ် ပြီးတော့                                    သူ့မှာနှလုံးရောဂါအခံရှိနေတယ် ။ဒီထက်ပိုပြီးဆိုးလာရင်သူ့အတွက်မကောင်းနိုင်ဘူး  ။ သူ့ကိုပေးနားလိုက်ပါ ။သူပြန်မှတ်မိလာတဲ့အထိတဖြည်းဖြည်းချင်းစောင့်ယူတာပေါ့"

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now