အပိုင်း(၂)(zaw&un)

11K 622 16
                                    

Zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၂)

16/04/2020

"မင်း..."

"တီ တီ"

ထိုအခြေနေကိုတာဆီးဖို့ ဘုန်းထွဋ်ထံဖုန်းလေးဝင်လာပါတော့သည်။

"အင်း ဘာကိစ္စလဲ"

"................"

"အေ ငါအခုလာမယ်"

အရေးကြီးကိစ္စရှိသဖြင့်သူလဲရန်ဖြစ်တာရပ်ဖို့ဆုံးဖြတ်ခဲ့သည်။

"ဟိုကောင် လိုက်ခဲ့"

သူငယ်ချင်းကိုဂုတ်မှဆွဲခေါကာခေါ်သွားလိုက်သည်။

"အား အား...ငဘုန်း "

ထိုသူလဲမရုန်းနိင်ပေ။ ကိုယ့်အမှားကိုယ့်သိ၍ငြိမ်ငြိမ်လေးလိုက်သွားခဲ့သည်။

"မင်းသတိထားနေ"

ဘုန်းထွဋ်သည်မျက်နှာမာမာဖြင့်ကြည့်နေသောခိုကိုးကိုလက်ညှိုးထိုး၍ခြိမ်းခြောက်ကာထွက်သွားခဲ့သည်။

ငါ့များ သတိထားနေတဲ့။ သူသာ သတိထားရမှာ။ပုံစံကိုက ရေခဲတုံးနေလောင်နေတဲ့စတိုင်နဲ့ ...။

*********************************************

"သားခိုကိုး စာလုပ်နေတာလား"

အခန်းထဲမှစာကြည့်နေသောခိုကိုးလေးကိုမိခင်ဖြစ်သူမေးလိုက်ခြင်းဖြစ်၏။

"ဟုက်မေမေ"

"ရော့ သောက်လိုက်ဦးသံပရာရည်လေး"

"ဟုတ်မမေ ဟင်းး"

သက်ပြင်းများအကြိမ်ကြိမ်ချနေသောခိုကိုးကိုမိခင်ဖြစ်သူကြည့်၍အကဲခက်နေ၏။

"သား "

"ဗျာ..."

"စိတ်ညစ်စရာရှိလို့လား"

"မရှိပါဘူးမေမေရဲ့ "

သားကိုအစစအရာရာ ဂရုတစိုက် စောင့်ကြည့်တက်သောမေမေကို သူ၏ဖြူစင်လှသောဟန်ဆောင်လေးက ဖုံးကာမပေးနိုင်။

"မေမေ့သားလေး မလိမ်တက်ဘဲလိမ်နေတယ်ပေါ့လေ။ဒီနေ့ဘာဖြစ်ခဲ့လို့လဲပြောပြလေ"

"ဟင်း..."

"ချပြန်ပြီသက်ပြင်းတွေ မေမေသားလေးအသက်ရှည်ရှည်နေရမှာလေ ။စိတ်မညစ်မခံနေနဲ့မေမေ့ကိုရင်ဖွင့်"

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now