အပိုင်း(28)

4.2K 302 2
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း (၂၈)

"ကိုကို "

"ဗျာ..."

ကုတင်ထပ်တွင်ဆောင်လေးရင်အထိခြုံကာလဲလျောင်း၍အိပ်မပျော်ဘဲရစ်နေသော ပိုးသားကို ဘုန်းထွဋ်ချော့သိမ့်ရန်ဘေးမှနေ၍ စကားပြောပေးနေလျက်

"ပိုးကိုချစ်လား "

ိသိချင်စိတ်ပြင်းပြကာမျက်လုံးဝိုင်းဝိုင်းလေးဖြင့် မေးလေးမော့ကာမေးနေသဖြင့်

"ချစ်တာပေါ့ ကိုယ့်မှာဒီညီမလေးတစ်ယောက်ထဲရှိတာ "

ပိုး၏နဖူးထပ်ဆံပင်များကိုအသာသပ်ချပေးကာ လေပြေလေးဖြင့်ပြန်ဖြေသောအခါသူသွားထပ်လေးပေါ်အောင်ပြုံးရီနေလေသည်။

"ကိုကိုမှာချစ်သူရှိနေပြီလားဟင်"

ထိုအမေးကြောင့် သူအကြည့်များဘေးလွဲကာခဏတွေဝေနေပြီး နောက်မှပိုးသားကိုပြန်ကြည့်ကာဟန်ဆောင်အပြုံးလေးဖြင့်

"မရှိပါဘူးပိုးရဲ့"

"ဟွန်... ဘာလို့မရှိတာလဲ ပိုးယောင်းမလိုချင်တယ်"

"ပိုးရယ် ကိုကိုမှာဒီညီမလေးတစ်ယောက်တောင်ချစ်မဝတာ ဘယ်သူ့ကိုထပ်ချစ်ရမှာလဲ"

"ဒါဆိုကိုကိုချစ်သူရခဲ့ရင် ပိုးနဲ့ကိုကို့ချစ်သူ ဘယ်သူ့ကိုရွေးမှာလဲဟင်"

ပိုးမေးလာသောမေးခွန်းများသည် သူ့ကိုအခက်တွေ့စေမှာအမှန်ပင်။သူပိုးကိုအတွေးကင်းမဲ့သောအကြည့်များဖြင့်စိုက်ကြည့်နေကာ ပိုးလည်းအားကိုးတကြီးပြန်ကြည့်နေလေသည်။ဘုန်းထွဋ်ကြည့်နေရင်းမှမျက်တောင်တစ်ချက်ခက်လိုက်ပြီး သက်ပြင်းလေးကိုပိုးမကြားအောင်ညင်သာစွာချလိုက်သည်။

"ပိုးကနံပါတ်တစ်ပဲလေ ပိုးကိုပဲရွေးမှာပေါ့"

"ရေး...ဒါမှတို့ကိုကိုကွ "

ပျော်ရွှင်စွာအ်ကိုဖြစ်သူကိုလှမ်းဖက်လိုက်သဖြင့် ဘုန်းထွဋ်လည်းသူ့ကိုအလိုက်သင့်ပြန်ဖက်လိုက်ပြီး ပါးလေးကိုအသာဆွဲညစ်လိုက်၏။

"ပိုးရော ဘယ်သူ့ကိုရွေးမှာလဲ"

သူကိုပြန်မေးလာသောအခါ မသိချင်ယောင်ဆောင်ကာခေါင်းလေးအသာကုတ်ပြီးပါးစပ်ကိုလက်ဖြင့်အုပ်လျက်

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now