အပိုင်း(25)

4.1K 299 0
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၂၅)

"အမုန်း နင်ပြန်လိုက်တော့ "

ိစိတ်ဆိုးဆိုး ဒေါသဟန်လေးဖြင့် သူမောင်းထုတ်နေ၏။ ထိုမိန်းကလေးမှာမူ မျက်နှာကျောတင်းစွာဖြင့် မဲ့ပြုံးပြန်ပြုံးပြနေပြန်သည်။

"ဘာလို့လဲ ငါလာလည်တာလေ ။နင်အရမ်းချစ်တဲ့ အမုန်းဆိုတဲ့ငါ လာလည်တာလေဟာ"

သူမ စကားကြောင့် ခိုကိုးစိတ်ပိုပို၍စိတ်တိုလာပြီး လူသတ်တော့မည့်အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။ ၎င်းကို သူ သိသော်လည်း လေသံပျော့ပျော့လေးဖြင့်

"အို ... ဒီက ကလေးအရွယ်ကောင်လေးက တို့ကိုစိုက်ကြည့်နေတော့ အနေရခက်လိုက်တာ"

ရွဲ့စောင်းကာပြောလာသောကြောင့် ခိုကိုးစိတ်မထိန်းနိုင်တော့ပေ။

"အနေခက်ရမှာမဟုတ်ဘူး အရှက်ရှိရမှာ။ သူများမောင်းထုတ်နေရင်ပြန်တက်ရတယ်။ မွေးကတည်းကဦးနှောက်မပါခဲ့ဘူးလား..."

သူမ လည်းအနာပေါ်တုတ်ထိသလိုနာကျင်ကာအလွန်စိတ်ဆိုးသွားပြီး

"ဘာ..."

"ထွက်သွားလိုက် မထွက်သွားရင်ရဲတိုင်ရလိမ့်မယ်။ မအမုန်း"

ဘုန်းထွဋ်၏လက်ကို သူကိုင်ဆွဲကိုင်လိုက်ကာ အောင်နိုင်သူလေသံဖြင့် မောင်းထုတ်လေ၏။

"ရပါတယ် မလိုပါဘူး။ ငါအခုလာတာ ဘုန်းထွဋ်ကိုတွေ့ဖို့မဟုက်ဘူး ။နင့်လိုငတုံးကို အသိလာပေးတာ"

"အမုန်း..."

ဘုန်းထွဋ်မှအော်သံထွက်ပေါ်လာကာ မိန်းကလေးကိုခြံအပြင်ကိုအတင်းဆွဲထုတ်ခေါ်သွားလိုက်သည်။ ခိုကိုးမှာတော့ မဖိတ်ခေါ်ဘဲ ပထမ အကြိမ် သံသရာစိတ်ဝင်လာတော့၏။ခဏအကြာ ဘုန်းထွဋ်တစ်ယောက်ခြံထဲပြန်ဝင်လာသောအခါ

"ဟိုအမ ပြန်သွားပြီလား"

ခိုကိုး မျက်နှာတည်ကြီးဖြင့်လာမေးသောကြောင့် သူဘာပြန်ဖြေရမှန်းမသိဖြစ်ကာ ခေါင်းသာငြိမ့်ပြလိုက်သည်။

"သူကအစ်ကို့ရဲ့ရည်စားဟောင်းလား "

"ဟမ် ဟို ဟို ဟုတ်တယ်။ အရင်ကပါ တော်တော်ကြာပြီ ကိုယ်တို့အထဲဝင်ရအောင်လေ ဒီမှာနေပူနေတယ်မလား "

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now