အပိုင်း(37) ဇာတ်သိမ်းပိုင်း (un &zaw)

11.4K 491 32
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၃၇) ဇာတ်သိမ်းပိုင်း

ညောင်ရွက်များကြွေကျကာစီတန်းစွာရှိနေသည့် အုတ်ဂူများထဲမှ တစ်ခုထံသို့ ဘုန်းထွဋ်နှင့်ခိုကိုးပန်းစည်းကိုင်လျက်ဖြည်းညင်းစွာသွားနေသည်။ ထိုအုတ်ဂူရောက်သည်နှင့်ပန်းစည်းလေးချပေးလိုက်ပြီး ငြိမ်သက်နေသောမျက်ဝန်းလေးဖြင့်

"ကိုယ့်ကိုခွင့်လွှတ်ပေးပါ ။ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်ကြောင့်... ကိုယ်ကြောင့်..."

သူငြင်းမိလိုက်ခြင်းကြောင့်သေဆုံးစွာသောထိုကောင်လေးကိုတောင်းပန်ရန်လာသော်လည်း မျက်ဝန်းများနီရဲကာငိုသံလေးဖြင့်စကားထစ်နေမိသည်။ ခိုကိုးလည်း ကိုကြီးကိုကရုဏာသပ်စွာကြည့်လျက်လက်ကလေးကိုကိုင်ထားပေးလိုက်သည်။ ဘုန်းထွဋ်အလွန်စိတ်မကောင်းဖြစ်နေပုံပေါ်၏။ မျက်ရည်များမကျအောင်အတင်းထိန်းနေရှာ၏။သူ့ကြောင့်ဖြစ်တာ ဟုသောအတွေးများဦးနှောက်တွင်ပြည့်နှံ့နေ၏။

"တောင်းပန်ပါတယ် ။ အားလုံးအတွက်တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ ..."

ပြောပြီးသည်နှင့်တစ်ပြိုင်နက်မျက်ရည်ပူတစ်စက် အလိုက်မသိစွာကျလာပြီး သူဒူးထောင့်ချလိုက်လေသည်။

"ကိုယ့်ကိုခွင့်လွှတ်ပေးပါ"

ခိုကိုး ဘုန်းထွဋ်းပခုံးလေးကိုကိုင်ကာနစ်သိမ့်ပေးရှာသည်။ အချိန်အတန်အကြာတောင်းပန်ပြီး ကောင်လေးလက်ကိုကိုင်ကာ ကားပေါ်သို့တက်သွားကြ၏။ ကားပေါ်တွင်မမောင်းဘဲ ငိုမဲ့မဲ့လုပ်နေသော ဘုန်းထွဋ်မျက်နှာလေးကို ခိုကိုးလက်နှစ်ဖက်ဖြင့်ကိုင်လိုက်ပြီး

"ကိုကြီးတောင်းပန်ပြီးပြီပဲ သူခွင့်လွတ်မှာပါ။ ပြီးတော့ ကိုကြီးအပြစ်ကြောင့်လည်းမဟုက်ဘူးလေ ။ သူ့မှာနှလုံးရောဂါအခံရှိနေမှန်း ကိုကြီးသိမှမသိခဲ့တာ ။ စိတ်မကောင်းမဖြစ်နဲ့တော့နော် ။ တိတ်တော့.."

နွေးထွေးစွာပြောပေးနေသောကောင်လေးကိုသူအားကိုးတကြီးထွေးဖကိလိုက်သည်။ ခိုကိုးလည်း သူ့၏ကျောလေးကိုပုတ်သပ်ပေးနေလိုက်တော့သည်။ ကောင်လေး၏ကိုယ်နွေးနွေးလေးသည် သူ့အတွက်နားခိုစရာဖြစ်ခဲ့၏။ ဘုန်းထွဋ် ထိုလူသားအား အချစ်ပိုလွန်းသည်ကိုအပြစ်မဆိုရက်။ အဘယ်ကြောင့်ဆိုသော် ကောင်လေးသည်အရာရာနားလည်ပေး၍ကြင်နာနွေးထွေးသောသူမျိုးဖြစ်နေသောကြောင့်ပင်။

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now