အပိုင်း(17)

4.7K 329 3
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၁၇)

"အွန်း"

ပူနွေးနွေး အနမ်းခံရသောအထိတွေ့ကြောင့် အသက်ရှူသံများရပ်တန့်သွားကာပတ်ဝန်းတစ်ခုလုံးဘာမှမကြားရလောက်အောင်တိတ်ဆက်သွားသည်။ကိုယ်ခန္ဓာမှာလည်းကကြိုးရုပ်ပျက်ပမာ ငြိမ်သက်သွား၍အံ့သြသော မျက်ဝန်းများဖြင့်သာဘုန်းထွဋ်ကို ကြည့်နေမီသည်။ခဏအကြာအသိပြန်ဝင်လာပြီးဘုန်းထွဋ်ကိုတွန်းထုတ်လိုက်ပြီးသူ၏ခြေဖမိုးကိုခိုကိုး အားအများကြီးသုံးကာနင်းချလိုက်လေ၏။

"အာ့..."

နီရဲသွားသောခြေထောင့်နဲ့အတူ နာကျင်ခြင်းကိုခံစားရသောကြောင့်အသံထွက်အောင်ပါအော်လိုက်မီသည်။ ခိုကိုးကိုကြည့်လိုက်သောအခါ ထိုကောင်လေးသည်အောင်နိုင်သောအပြုံးဖြင့်ဘုန်းထွဋ်ကိုပြန်ကြည့်နေပြန်၏။

"စိန်ခေါ်တာလား  ခိုကိုး"

ဒါပေါ့ ဟူသောအကြည့်ဖြင့် မျက်ခုံးတစ်ဖက်ပါတွန့်ပြလိုက်သည်။ခိုကိုးဘယ်လိုပင်ရန်တွေ့နေပါစေ သူ၏မျက်နှာလေးမှာဘုန်းထွဋ်အဖို့အသည်းယားစရာကောင်းနေသဖြင့်ခိုကိုးပါးလေးကိုနူတ်ခမ်းထော်သည့်အနေအထားအထိလက်တစ်ဖက်ဖြင့်ဆွဲညစ်လိုက်သည်။

"နာချင်ပြီလား ခြေထောင့်တစ်ခုလုံးယောင်ကိုင်းချင်လို့လား"

ခိုကိုးမှာမူ ပါးလေးအားဆွဲညစ်ထားခြင်းခံရသော်လည်း ဘုန်းထွဋ်ကိုသူခြိမ်းခြောက်မပျက်

"အွန်း ... "

ဘုန်းထွဋ် ဘယ်လိုပင်စိတ်ထိန်းထားပါသော်လည်းခိုကိုး၏ချစ်စရာကောင်းသောအမူရာအား  သူ့နလုံးသားခံနိုင်ရည်စွမ်းမရှိတော့ပေ။နလုံးခုန်နှုန်းမြန်လာသည်နှင့်အညီ သူ၏နူတ်ခမ်းလေး ငြိမ်ငြိမ်မနေနိင်ဘဲခိုကိုးနူတ်ခမ်းလေးကိုလျင်မြန်စွာ နမ်းမိသွားသည်။ထပ်နမ်းလာသောဘုန်းထွဋ်ကြောင့် ခိုကိုးရင်မခုန်နိုင်တော့ဘဲစိတ်များတိုလာပြီးဘုန်းထွဋ်ကိုတွန်းထုတ်၍ဗိုက်ကိုကန်ထည့်လိုက်တော့၏။

"အာ့ ...  "

"ခင်ဗျား ကို ရဲတိုင်မယ်"

"တိုင်ပေါ့  မကြောက်တက်ပါဘူး"

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now