အပိုင်း(26)

3.9K 292 0
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၂၆)

တစ်ပတ်ခန့်ကြာသောအခါ ပူပြင်းသည့်နေရောင်နဲ့အတူ ခြံထဲသို့ ဘုန်းထွဋ်တစ်ယောက် မီးတောက်ပမာထွန်းတောက်နေသော မျက်ဝန်းတို့နှင့် ခြေကိုဆောင့်အောင့်စွာ ဒေါကြီးမောကြီးဝင်လာခဲ့သည်။

"ဒေါ်သီရီမြင့်မိုရ် ဒေါ်သီရီမြင့်မိုရ် ထွက်လာခဲ့..."

ဧည့်ခန်းတွင် ရှိနေသော ခိုကိုးနှင့်အမေလည်း သူ့၏အော်ခေါ်သံကြောင့် အံ့သြကာထွက်ကြည့်မိလေ၏။

"ခင်ဗျားထွက်လာသေးသားပဲ ။သူများကိုဒုက္ခပေးရတာ ပျော်ရဲ့လား"

သူ၏စကားများကို ခိုကိုးနားမလည်စွာဖြင့် မိခင်ဖြစ်သူကြည့်လိုက် ကိုကြီးကိုကြည့်လိုက်ဖြင့် သူအံ့သြစွာငေးကြည့်နေမိသည်။အမေမှာတော့ ကိုကြီးကိုမျက်နှာတည်ကြီးဖြင့်ကြည့်၍

"အဆင့်အတန်းမရှိပုံက... "

နှာခေါင်းရှုံ့ကာ မျက်ခုံးကြုတ်ပြီး ပြန်ပြောလိုက်သည်။

"သြော် ဟုတ်လား ...ကျွန်တော်ကအဆင့်အတန်းမရှိသူပေါ့ ။ ခင်ဗျားကအရမ်းအဆင့်တန်းရှိသူကြီးပေါ့ ဒါဆို ဘာလို့ ကျွန်တော်မိသားစုကိုလာထိခိုက်လဲ "

ခိုကိုးမနေနိုင်တော့ပဲ အမေ၏လက်ကလေးကိုလှုပ်၍မေးမိ၏။

"မေမေ ဘာတွေလဲဟင် "

"ငါ ရည်ရွယ်ပြီးထိခိုက်အောင်လုပ်တာမဟုတ်ဘူး ။သူသာလမ်းမမြင်ဘဲတစွတ်ထိုးဝင်လာတာ "

"အဟက်...ဒါဆိုခင်ဗျားကားနဲ့တိုက်ခံထိတဲ့ကျွန်တော့်ညီမအမှားပေါ့ ။ ဟား...ဟား...ဟား... သိပ်ရီစရာကောင်းတယ် ... ။ ကျွန်တော့်ညီမ တစ်ခုခုဖြစ်သွားလို့ကတော့ ခင်ဗျားကိုအရှင်မထားဘူးမှတ်"

ထိုချိန်းခြောက်နေမူကြောာင့် ခိုကိုးမျက်ဝန်းများမျက်ရည်စို့တက်လာပြီး ကိုကြီ၏ပခုံးကိုကိုင်ကာသူတောင်းပန်ရှာသည်။

"ဘယ်သူမှန်လဲဘယ်သူမှားလဲကျွန်တော်မသိပေမယ့် ကျွန်တော် ကိုကြီးကိုတောင်းပန်ပါတယ် ခွင့်လွတ်ပေးပါ ။ အခုလိုအော်ပြီးချိန်းခြောက်နေတဲ့အတွက်မေမေ့ကိုလဲပြန်တောင်းပန်ပေးပါ"

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now