အပိုင်း(18)

4.7K 326 1
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၁၈)

"ဟမ်"

ဘုန်းထွဋ်တစ်ယောက် သဝန်တိုစိတ်၏လှုပ်ဆော်မူကြောင့် သူတစ်ပါးကိုနာကျင်အောင်ပြုလုပ်မိသဖြင့်အားနာကာမျက်နှာများပူလာပြီးထိုနေရာမှထွက်ပြေးချင်စိတ်များပေါ်ပေါက်လာသည်။ရှက်ရှက်ဖြင့်ခေါင်းသာငုတ်၍နေလေ၏။ခိုကိုးတွင်လည်းအမဖြစ်သူနှင့် သူမ၏ချစ်သူကောင်လေးကိုမည်သို့ရှင်းပြရမှန်းမသိတော့ချေ။

"ခိုကိုး အဲ့လူကဘယ်သူလဲ ငါလဲမသိပါလား"

အမဖြစ်သူ မေးလာသောမေးခွန်းကြောင့်ခိုကိုးခေါင်းလေးအသာကုတ်လိုက်ပြီးမချိုမချဉ်မျက်နှာကလေးဖြင့်ပြန်ကြည့်နေ၏။ခိုကိုးပုံစံကြောင့် သူမမျက်ထောင့်နီကြီးဖြင့်စိုက်ကြည့်ကာ

"ခိုကိုး အမ မေးနေတယ်လေ ချစ်သူရနေတာလား ။ဒီလူနဲ့လား"

သူမ သံသရ စိတ်နဲ့အတူ ထင်ရာတွေး၍မေးလိုက်သည်။ သူမ မေးလည်းမေးချင်စရာပင် ဘုန်းထွဋ်သဝန်တိုသောပုံစံနှင့် ခိုကိုး၏ရှက်ကြောက်နေသောမျက်နာထားမှာ ချစ်သူရည်းစားဟုထင်ချင်စရာ ။ထိုအမေးကိုခိုကိုး ထိတ်လန့်စွာဖြင့်ဆက်ဆက်ထိမခံဘဲချက်ချင်းပင်

"မဟုက် မဟုက်ပါဘူး သူနဲ့သားနဲ့ကအသိတွေပါ"

"ဟုတ်သလား "

အမသည် မျက်နာလေးမော့၍အကြည့်များသည်ဘုန်းထွဋ်ထံသို့ဦးတည်လာပြီးရည်ရွယ်ကာမေးလိုက်၏။

"ဟုတ်ပါတယ် အသိတွေပါ "

အရိပ်အကဲသိတက်သော ဘုန်းထွဋ်လည်း အလိုက်အထိုက်ဖြေလိုက်ပြီး ထိုအခါ အမ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး

"ဒါဆို ဘာလို့ ငါ့ကောင်လေးကို ထိုးရတာလဲ"

"ကျွန်တော် ကျွန်တော် ဟို..."

စကားတထစ်ထစ်ဖြင့် ဘယ်ပြောရမှန်းမသိဖြစ်နေသောသူ့ကို ခိုကိုးလက်လှမ်းဆွဲ၍

"အမ ကျွန်တော်တို့ပြန်တော့မယ် မွေးနေ့မှာပျော်ရွှင်ပါစေ တက်တာမမ"

အမဖြစ်သူကိုနူတ်ဆက်ပြီးထိုနေရာမှလျင်မြန်စွာထွက်ပြေးသွားလိုက်သည်။ဘုန်းထွဋ်လည်းအူကြောင်ကြောင်ဖြင့်သာခိုကိုးခေါ်ရာနောက်သို့လိုက်လာခဲ့၏။ကျန်ရစ်ခဲ့သောသူမသည်

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now