zawg
ကိုကြီးရဲ့ကောင်လေး အပိုင်း(၁၄)
27/05/2020
"ဟမ်... ကိုယ် မင်းကို နမ်း အွန်..."
့ထိုစကာများကြောင့်သူသည် အရှက်များဝေလာကာ
ဘုန်းထွဋ်ပါးစပ်ထဲသို့အစားအတင်းထိုးထည့်ကာထပ်ပြောလာမည့်စကားမျာအားတားလိုက်လေသည်။ဘုန်းထွဋ်သူငယ်ချင်းများကလဲခိုးကိုးအမူအရာကြောင့်အံ့သြတကြီးကြည့်နေလေ၏။စိုက်ကြည့်လာသောမျက်ဝန်းများသည်သူ့အားနေရခက်စေမှာအမှန်ပင်။ထို့ကြောင့်
"ကျွန်တော်ပြန်တော့မယ်"
သူသည်အားလုံးအားနူတ်ဆက်ကာ
အလျင်အမြန်ထွက်သွားလေသည်။
ဘုန်းထွဋ်သည်လည်းအလိုက်သိစွာဖြင့်အနောက်မှအပြေးလေးလိုက်သွားသည်။ကျန်ရစ်ခဲ့သောသူငယ်ချင်းများသည်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍နားမလည်သောပုံစံဖြင့်သာနေခဲ့လေ၏။ထိုသို့ခိုးကိုးရှက်ရသောအကြောင်းမှာဘုန်းထွဋ် မိုးသောက်အချိန်မှပြန်လာသောအခါကပင်ဖြစ်၏။၎င်းနေ့တွင်မူးမူးဖြင့် ခိုကိုး၏အခန်းသို့ဝင်လာခဲ့ရာ အိပ်နေသောအချိန်တောင်ဆွဲဆောင်မူရှိကာချစ်ဖို့ကောင်းလှသောခိုကိုးအား ဆံပင်လေးအားသက်ပေးနေသည်။အအိပ်စက်သောခိုကိုးလည်းချက်ချင်းပင်နိုးလာကာဘုန်းထွဋ်၏ထူးဆန်းသောအပြုအမူရာအားမလူပ်မရပ်ကြည့်နေမီ၏။
ထိုအခါ အပြုံးကြီးများပြုံးပြလျက် အိပ်နေတာလားဟုမေးလာသဖြင့် ခိုကိုးလည်း အလိုက်အထိုက် ခေါင်းလေးငြိမ့်ပြလိုက်သည်။အမူးရှိန်ကြောင့်များလား နှလုံးသား၏တောင်းဆိုမူကြောင့်များလားခုန်နေသောရင်ခုန်သံနှင့်အတူ ခိုကိုးနူတ်ခမ်းပါးလေးအားတယုတယနမ်းရိုက်မီခဲ့သည်။ခိုကိုးလည်းရုတ်တရက်ဆိုသလိုအသက်ရှူဖို့မေ့ကာ အံ့သြစွာခဏမျှငြိမ်သက်နေမီ၏။ထို့နောက်အသိပြန်ဝင်လာပြီးဘုန်းထွဋ်အားတွန်းထုက်၍ဗိုက်အား ခြေထောင့်ဖြင့်ကန်ထုတ်လိုက်သည်။
"အာ့ ..."
ကန်လိုက်သောအရှိန်ကြောင့်ခုတင်ထက်ကပင်ဘုန်းထွဋ်ပြုတ်ကျလာသည်။ဘုန်းထွဋ်အားသူသည်အခန်းပြင်သို့ဆွဲထုတ်ထားလိုက်၏။
YOU ARE READING
ကိုကြီးရဲ့ကောင်လေး(completed)
Romanceကိုကြီးရဲ့ကောင်လေး 11/04/2020 "ငါ့ဘဝမှာငါ့ညီမကအရေးကြီးဆုံးဘဲ" "ကိုယ်မင်းကိုချစ်တယ်ကောင်လေး" "ဘာအခက်အခဲဘဲရှီရှီမင်းကိုကိုယ်မစွန့်လွှက်နိုင်ဘူးကလေး" (ဘုန်းထွဋ်ခေါင်) "ကျွန်တော်ကရိုင်းတာမဟုက်ဘူး ခင်ဗျားကအသက...