အပိုင်း(23)

4.3K 293 3
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၂၃)

"အစ်ကို... အစ်ကို... "

ခိုကိုးတစ်ယောက် ဘုန်းထွဋ်အိမ်ထဲဝင်လာ၍ ချစ်သူမျက်နှာကလေးမြင်ချင်သဖြင့်မရပ်တမ်းအော်ခေါ်နေ၏။

"ဟိတ်..."

ဘုန်ထွဋ်သည် ထိုကောင်လေး မမြင်အောင်အနောက်မှပုန်းလာ၍အနားရောက်ချိန်တွင် ခိုကိုးကိုခါးတို့ကာကျီစယ်လိုက်သည်။ခိုကိုးလည်းအနည်းငယ်လန့်သွားလျက်

"အစ်ကို...အသံမပေးဘာမပေးနဲ့"

"ဟူး ...ပျော်စရာလဲမကောင်းဘူး ။စတာလန့်တောင်မလန့်ဘူး"

သက်ပြင်းချကာ စိတ်ပျက်သည့်ပုံလေးဖြင့်ပြောလာသောကြောင့် ခိုကိုးစိတ်ဆိုးသွားပြီး

"ကျွန်တော်ကယောက်ျားလေးလေ မိန်းကလေးတွေလို အမယ်လေးတော့တို့ ပလုပ်တုတ်တို့ လန့်ပေးရမှာလား။ အဲ့လိုတွေသဘောကျရင် မိန်းကလေးတွေသွားကြိုက် ကျွန်တော့်ကိုလာမကြိုက်နဲ့ "

ပြန်ရန်ချိန်နေသာ ကိုစိတ်ကောက်ကလေးကိုသူရင်ခွင်ထဲထည့်ကာဖက်လိုက်ရင်း

"ခိုကိုးကိုပဲချစ်တာပါ ဒီကကောင်လေးကိုပဲချစ်တာ။ တခြားဘယ်ယောကျာ်း မိန်းမ ကိုမှမချစ်ဘူး "

"အပိုတွေ"

ရင်ခွင်ထဲမှငြိမ်ငြိမ်မနေဘဲအတင်းရုန်းကာ စိတ်ဆိုးတော်မူလေသည်။သူ ဘယ်လောက်ပင်ရုန်းပါစေ ဘုန်းထွဋ်မရမက အတင်းဆွဲဖက်ထားလျက်

"မပိုပါဘူး စောစောကလဲ ခိုကိုးမြန်းကိုယ့်ကိုချော့မလားလို့စကြည့်တာပါဗျာ "

"အဲ့လောက်ချော့တာကြိုက်ရင် ချော့ကောင်းတဲ့သူရှာကြိုက်လေ"

မည်မျှပင်ရှင်းပြစေကာမူ ခိုကိုးစိတ်ကောက်မပျက် ပိုမိုအရွဲ့တိုက်လာသဖြင့် သူထိုကောင်လေးကိုပွေ့ချီလိုက်တော့သည်။ချစ်သူဖြစ်ပြီးပါသော်လည်း ခိုကိုး၏ရှက်စိတ်မှာ မပျောက်သေးပေ။ရှက်ကိုးရှက်ကန်းဖြင့်

"အစ်ကို... အောက်ချပေး "

"ဟင်အင်း မချပေးဘူး။ ကိုယ့်ကိုစိတ်မကောက်တော့ပါဘူးဆိုမှချပေးမယ်"

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now