အပိုင်း(24)

4.1K 293 0
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၂၄)

"ခိုကိုး"

အလုပ်ခန်းတွင်ကျောပေးထားသောခိုကိုးကိုဘုန်းထွဋ် ခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုကောင်လေး ခါးကိုငြင်သာစွာပွေ့ဖက်လိုက်သည်။အနောက်မှနွေးထွေးမူအပြည့်ဖြင့်လာဖက်လာသောဘုန်းထွဋ်၏ကြင်နာမူကြောင့် သူ့ခန္ဓာကိုယ်လေးလှည့်၍ပြန်ဖက်ကာ ခေါင်လေးကို ကိုကြီး ရင်ခွင်ထဲအပ်ထားလိုက်၏။ မျက်နှာညိုးနေသော သူ၏ပုံစံကြောင့် ကိုကြီးမှာ စိတ်ပူလာရသည်။ထို့ကြောင့်လက်တစ်ဖက်ကခါးကိုဖက်ပြီး နောက်တစ်ဖက်ကမူ ငုတ်ထားသောမျက်နှာလေးကိုပင့်မ ကာသူ၏မျက်လုံးနဲ့အကြည့်ချင်းဆုံစေလျက်

"ဘာဖြစ်လို့လဲ ဘယ်သူကကိုယ့်ကလေးကိုပြသနာရှာထားတာလဲ"

ဤအမေးကို သူခေါင်းလေးခါကာငြင်းရှာ၏။ အားငယ်သောမျက်ဝန်းလေးနှင့်အတူ တုန်ရီသောအသံလေးတို့ဖြင့်

"ကိုကြီး ကျွန်တော်ကြောက်တယ် "

"ဘာကို ကြောက်တာလဲ ။ဘယ်သူကိုလဲ။ ကိုယ်လိုက်ရှင်းပေးမယ်"

"ကိုကြီး လိုက်ရှင်းပေးလို့ရမဲ့သူမဟုက်ဘူး "

မျက်လုံးချင်းမဆုံအောင်မျက်နှာလွဲ၍ပြန်ဖြေလေ၏။ထိုအပြုအမူများကြောင့်ဘုန်းထွဋ်၏စိုးရိမ်စိတ်မှာအတိုင်းဆမရှိကြီးထွားလာသည်။ ကောင်းလေး၏ပခုံးကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး

"အမေ ဆူလိုက်လို့လား"

"မဆူပါဘူး ဒါပေမယ့် ကျွန်တော်တို့ကိုသူရှေ့မဆက်စေချင်ဘူးတဲ့ အမေတားနေတယ်"

"ဒီလိုတွေဖြစ်လာမယ်ဆိုတာ ကိုယ်သိပြီးသားပါ  ဒီကိစ္စမှာခိုကိုးဆုံးဖြတ်ပါ ကိုယ်ခိုကိုးသဘောအတိုင်းနေပါ့မယ် "

"ကျွန်တော် ကိုကြီးကိုချစ်တယ် ဘဝမှာတစ်ခါမှမချစ်ဘူးတဲ့အချစ်မျိုးနဲ့ချစ်တာ အမေ့ကိုလဲမလွန်ဆန်ချင်ဘူး ကျွန်တော်လွန်ဆန်လိုက်ရင် နောက်ဆက်တွဲကိုကြီးထိခိုက်လာမှာကိုကျွန်တော်ကြောက်တယ်"

အစိုးရိမ်လွန်ကာ ကြောက်စိတ်များလွှမ်းမိုးနေသော ခိုကိုးလေးကို ခေါင်းအသာအယာပုတ်ပေးလျက်ကြင်နာသောမျက်ဝန်းလေးဖြင့်

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now