အပိုင်း(35)

5K 300 2
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၃၅)

တိုက်ခံမူကြောင့်မြေပြင်တွင်လှူးလိမ့်သွားသောဘုန်းထွဋ်ကို ခိုကိုးဆက်မကြည့်နိုင်တော့ပဲ ဆွဲထားသောဒယ်ဒီလက်ကိုရုန်းဖယ်ကာကိုကြီးကိုပြေးလွှားပွေ့ကာ မ လိုက်သည်။ပွေ့လိုက်သည်နှင့်သူ၏လက်ဖွေးဖွေးသည်ဘုန်းထွဋ်သွေးများကြောင့်နီရဲတောက်နေလာ၏။ တကိုယ်လုံးသွေးများထွက်နေချိန် ခိုကိုးပါးလေးကိုကိုင်ကာဘုန်းထွဋ်ပြောလိုက်သောစကားကြောင့်သူကိုပိုဝမ်းနည်းစေ၏။ ထိုစကားသည်

"နောက်ဆုံးတော့ ကိုယ့်ကောင်လေးကိုပြန်ရပြီ "

ဟုသွေးရွဲနေသောမျက်နှာဖြင့်တိုးတီးစွာသူပြောရှာ၏။ ဘယ်လိုခံစားချက်မျိုးနှင့်မှ ခိုကိုးမသည်းခံနိုင်တော့ပဲ မျက်ရည်များလည်ပင်းစီးသည်အထိကျကာ

"ကျွန်တော့်ကအရင်ထဲကကိုကြီးအပိုင်ပါဗျာ"

"ကျေးဇူးပြုပြီးမသေပါနဲ့။ ကျွန်တော့်တစ်ယောက်ထဲမထားခဲ့ပါနဲ့။ကျွန်တော်ကြောက်လို့ပါ။ ကိုကြီးမရှိတဲ့နေရက်တွေမဖြတ်သန်းရဲလို့ပါ ဟင့်...ဟီး...။ကျေးဇူးပြုပြီးမသေနဲ့..."

မှေးကာမျက်လုံးလေးမှိတ်ချင်နေသောဘုန်းထွဋ်မျက်နှာလေးကိုလက်ကလေးနဲ့ကိုင်လှုပ်လျက်

"မမှိတ်နဲ့။ ကျွန်တော့်ကိုချစ်ရင်မမှိတ်ပါနဲ့ ။ မမှိတ်လိုက်ပါနဲ့ဗျာ..."

သူအားကုန်ခေါ်ကာသတိပေးနေလေ၏။ဘုန်းထွဋ်မျက်လုံးမှိတ်သွားမည်ကိုသူသေမတက်ကြောက်နေရှာ၏။ ခိုကိုးမျက်ရည်များသည် ကိုကြီးမျက်နှာပေါ်သို့တစက်စက်ချဆင်းလာတော့သည်။ မျက်ရည်များကပင် ဘုန်းထွဋ်ကိုလက်မလျော့ရန်တားပေးနေရှာ၏။

*******************

လူနာတင်တွန်းလှည်းပေါ်တွင်မျက်လုံးမှိတ်လှဲနေသောဘုန်းထွဋ်သည် တွန်းပေးနေသောဆရာဝန် သူနာပြုအာလုံးတို့ထဲမှခိုကိုး၏လက်မလေးကိုဆုပ်ကိုင်ထားရှာ၏။ အသက်အန္တရယ်ဖြစ်နေချိန်တွင် ထိုကောင်လးကိုသူလက်လွှတ်မခံနိုင်ပေ။ ခိုကိုးလည်းဆုပ်ကိုင်ထားသောထိုလက်ကလေးကိုနွေးထွေးစွာပြန်ကိုင်လိုက်၏။နှုတ်မှလည်းတတွစ်တွစ်ဖြင့်

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now