အပိုင်း(၃)(zaw&un)

8.8K 559 5
                                    

Zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၃)

22/04/2020

"ဟမ်"

မူမမှန်သော ဒေါ်လေး၏စကားကြောင့်စိတ်ပျက်သွားရ၏။

"အဟီ"

"တော်ပြီ မဟုက်တာတွေနားထောင်မီတာ သားပဲမှားတာ "

နွားပွဲစားကြီးသဖွယ် အဟီ အဟီနဲ့ မချိုမချဉ်လုပ်နေသောကြောင့် သူစိတ်မရှည်စွာထထွက်သွားရန်ပြင်တော့သည်။

"ဟဲ့ ...ခိုကိုး"

"အိပ်တော့မယ်မနက်ဖြန်ကျောင်းသွားရဦးမယ် "

"ဟဲ့... ဟဲ့..."

ဒေါ်လေးဘယ်လိုပင်ခေါ်ခေါ် သူမထူးပေ။သူတော်တော်ခေါင်းရှုပ်သွားပုံပေါ်၏။

"ဒေါ်လေးလဲအိပ်တော့"

ဒေါ်လေးစကားကိုနားမထောင်တော့ပဲဆေးဘူးယူ၍အခန်းထဲသာဝင်သွားတော့သည်။

****************************

"အင်းပါ အိမ်ပြန်လာနေပါပြီဒေါ်လးရဲ့"

စိတ်မချဖြစ်နေသောအိမ်သားများကို သူကျာင်းမှအိမ်ပြန်လာပြီဖြစ်ကြောင်း ကားမောင်းရင်းတင်ပြနေလေ၏။

"ဒေါ်လေးနဲ့မေမေ ကတော့လေ ငါကိုအခုထိကလေးလို့ထင်နေတုန်း

ဟူး..."

အိမ်ပြန်လမ်းတွင်မထင်မှတ်ဘဲဘုန်းထွဋ်ကို တွေ့လိုက်မိသည်။

"ဟိုအကျင့်ပုတ်တဲ့သူမလား"

သူ မုန်းသည်ဟုပြောနေသော်လည်းထိုသူကိုမျက်တောင်မခတ်ကြည့်နေမိသည်။ ဘုန်းထွဋ်မှာတာ့အိမ်တစ်အိမ်၏ခြံရှေ့တွင်လူနှစ်ယောက်နဲ့စကားပြောနေလေသည်။

"အမ် ဘာလဲသူကရန်ဖြစ်စရာလူမရှိလို့ငါတို့လမ်းအထိပြသနာလိုက်ရှာနေတာလား။ တော်တော်အံ့သြဖို့ကောင်းတယ်"

ထင်ရာစွတ်ပြော၍ဘုန်းထွဋ်ကိုနှားခေါင်းရှုံ့၍သွားနေစဉ် တအောင့်အကြာ အနောက်မှလိုက်လာသောကားတစ်စီးကိုသတိထားမိလာသည်။ဟမ်...ဟိုလူငါ့ကားနောက်လိုက်နေတာလား မဟုက်လောက်ပါဘူး။

မည်သို့ပင်ကားဘေးကပ်ကာဖြေးဖြေးသွားသော်လည်းအိမ်ရှေ့ရောက်သိတိုင်ထိုသူသည်ခိုကိုးနောက်သို့လိုက်နေသဖြင့်

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now