အပိုင်း(19)

4.5K 314 5
                                    

zawg

ကိုကြီးရဲ့ကောင်လး အပိုင်း (၁၉)

"အွန်း ဟွင်း..."

ဘုန်းထွဋ်သည်အသိစိတ်ကပင်ခန္ဓာကိုယ်အားထိန်းချုပ်ချင်ပါသော်လည်း ထိန်းသိမ်းမရအောင်ခုန်လာသောနှလုံသားကြောင့် အသိစိတ်များကင်းလွတ်ပြီး မသိစိတ်များကအနိုင်ယူသွားလေ၏။ထို့ကြောင့် နူတ်ခမ်းပါးလေးမှအလိုက်မသိစွာ ချစ်စကားများအန်ကျလာကာ အနမ်းကများပင် မထိန်းအကွပ်မရှိဘဲခိုကိုးကိုနမ်းလိုက်မိခြင်းဖြစ်သည်။

ထိုအခိုက်တန့်မှာတော့ခိုကိုးတစ်ယောက် ခွင့်ပြုချက်မရှိဘဲ သူ့၏နူတ်ခမ်းပါးပေါ်သို့ကျရောက်လာသော ထိုသူ၏အနမ်းကြောင့် သူရင်ခုန်ရမလားရင်တုန်ရမလားနားမလည်တော့ပေ။ ပတ်ဝန်းကျင်၏ထူးဆန်းသောအကြည့်များသည်သူ့အားအနေခက်စေ၏။ ထို့အပြင် အမဖြစ်သူကပါအံ့သြစွာကြည့်နေသောအကြည့်ကြောင့် ထိုနေရာမှသူထွက်ပြေးချင်စိတ်များပေါက်လာပြီး ဘုန်းထွဋ်ကိုတွန်းထုတ်ကာအရှက်ပြေဆွဲထိုးလိုက်သည်။

"ခွပ့်..."

ခိုကိုးစိတ်တွင်ဘုန်းထွဋ်ကိုထိုးလိုက်သည်မှာ ယခုလူအများဝိုင်းကြည့်ခံရသောအခြေအနေမှလွတ်မြောက်ရန်တစ်ခုတည်းအတွက်သာဖြစ်သည်။ သူစိတ်ဆိုးလို့မဟုတ်ချေ။ မုန်းလဲမမုန်းရက်နိုင်ပေ။ သို့သော်လည်း ခိုကိုးရွေးချယ်သောနည်းလမ်းအလွန်ပင်မှားသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ခိုကိုးအမူယာမှာဘုန်းထွဋ်၏အချစ်နဲ့အရှက်အား ဂရုမထားဘဲစော်ကားလိုက်သပင်သူ့အားခံစားစေမိမှာအမှန်ပင်။အသားနာကျင်မူထက် ဆုပ်ဖြဲခံလိုက်ရသောနှလုံးသား၏နာကျင်မူက အဆပေါင်းများစွာခံစားရ၏။

"ခိုကိုး မင်းကိုယ့်ကိုအဲ့လောက်တောင်မုန်းနေတာလား"

ဝမ်းနည်းသံလေးနဲ့အတူ ခိုကိုးကိုသူမယုံနိုင်စွာမေးလိုက်သည်။ခိုကိုးမှာဖြင့် ဘာကိုပြန်ဖြေမှန်းမသိ ထိုးလိုက်မိသောသူ့လက်အားခေါင်းငုတ်၍သာပြန်ကြည့်နေမိ၏။ ဘုန်းထွဋ်လဲရှက်ရှက်ဖြင့် ဝိုင်းကြည့်နေသော လူအများ၏မျက်ဝန်းနှင့်မဆုံအောင်နေ၍ဆိုင်အပြင်သို့စိတ်ပျက်မူ ဝမ်းနည်းမူပါ အပါခေါ်ဆောင်၍ထွက်သွားခဲ့သည်။ခိုကိုးလည်းအနောက်မှလိုက်သွားချင်ပါသော်လည်းသူ့၏ခြေလှမ်းများကသတ္တိမရှိခဲ့ပေ။

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now