Zawg
ကိုကြီးရဲ့ကောင်လေး အပိုင်း(၄)
23/04/2020
"သား ခိုခို ဒေါ်လေးဈေးသွားဦးမယ်နော်"
"ဟုက်ကဲ့"
"စိတ်ချမယ်နော်"
"ဟုတ်ကဲ့ပါ"
အချစ်တုံးလေး ခိုကိုးကိုအိမ်မှာခဏထားခဲ့မည်ကို သူ့မှာစိတ်မချနိုင်ပေ။ ထပ်တလဲလဲ မှာတမ်းထုတ်နေတော့သည်။
"အမယ်လေး ..."
သူ အိမ်ရှေ့တွင်ဘုန်းထွဋ်ကိုမထင်မှတ်ဘဲတွေ့လိုက်သဖြင့်အလွန်ပင်လန့်ဖြန့်သွားကာ လက်ကလည်းရင်ဘက်ကိုဖိရင်း
"လာလည်တာလား မောင်ဘုန်းထွဋ်"
လန့်သွားသောမျက်နှာသည် ထိုသူကိုမြင်သည်နှင့်သကြားပမာချိုမြိန်လာ၍ပါးစပ်မှာလည်း နားရွက်တပ်ချိတ်မတက်ပြုံးဖြီးပြနေလျက်
"မဟုက်ပါဘူး အိမ်နှီးနားချင်းမို့မိတ်ဖွဲ့တာ "
"ဟင်... ဘယ်လို အိမ်နှီးနားချင်းဆိုတော့"
"ကျွန်တော်အမတို့အိမ်ဘေးမှပြောင်းနေ နေတယ်"
" အဲ့အိမ်ကအရင်ကလူငှားတွေတင်တာမလားဘယ်လိုဖြစ်ပြီး"
"ဒီအိမ်က ကျွန်တော့်အသိအိမ်လေ ပြီးတော့ အလုပ်နဲ့လဲနီးတယ်အလုပ်ကိစ္စလဲနည်းနည်းရှိတော့ခနပြောင်းလာဖြစ်တာ"
ဟီ...ပျော်လိုက်တာ ဖူးစားလူးလားဒူကာလို့မရဆိုတာ ဒါကိုပြောနေမှာ ငါရဲ့ဖူးစာရှင်တော့ငါ့အိမ်ဘေးကိုရောက်လာပြီ ။ သူ့တွင် ချစ်ရသောသတို့သားလောင်းလေး ဘေးနားရောက်လာသဖြင့် အတိုင်းအဆမသိပျော်ရွှင်ကြည်နူးနေသည်။
" ဒါဆို မိသားစုတွေနဲ့ပြောင်းလာတာလား"
"မဟုက်ပါဘူး ကျွန်တော့်တစ်ယောက်ထဲပါ"
"သြော်... "
"ကျွန်တော် ပြောင်းလာတဲ့အနေနဲ့တစ်ခုခုလိုက်ဝယ်ကျွေးမယ်လေ"
ဟယ်... သဘောကောင်းလိုက်တာကွယ် အမယ်လေး ငါမူဦးမှ။ လက်ခံချင်နေသောအပြုံးမျက်နှာကြီးကိုပြင်၍မျက်နှာတည်ကြီးဖြင့်
YOU ARE READING
ကိုကြီးရဲ့ကောင်လေး(completed)
Romanceကိုကြီးရဲ့ကောင်လေး 11/04/2020 "ငါ့ဘဝမှာငါ့ညီမကအရေးကြီးဆုံးဘဲ" "ကိုယ်မင်းကိုချစ်တယ်ကောင်လေး" "ဘာအခက်အခဲဘဲရှီရှီမင်းကိုကိုယ်မစွန့်လွှက်နိုင်ဘူးကလေး" (ဘုန်းထွဋ်ခေါင်) "ကျွန်တော်ကရိုင်းတာမဟုက်ဘူး ခင်ဗျားကအသက...