အပိုင်း(20)

5.1K 340 3
                                    

zawg

ကိုကြီးရဲ့ကောင်လေးအပိုင်း(၂၀)

"အင့်"
သူသည်  ငေးမောကြည့်နေရင်းမှ ရုတ်တရက်ဆိုသလို ကလေးပမာ ရင်ခွင်ထဲခုန်တက်လာတဲ့ ခိုကိုးကြောင့် သူ၏ရင်ခုန်သံတွေလဲဗြောင်းစံမတက် ခုန်လာတော့သည်။ ရူးမတက်ညို့ချက်ပြင်းသောမျက်လုံးလေးဖြင့်သူ့ကိုစိုက်ကြည့်နေသောကြောင့် သူလုပ်ရမှန်းမသိဖြစ်ရင်း  ခိုကိုးမကျအောင် အလိုက်အထိုက် ခါးလေးကိုဖက်ထားပေးလိုက်သည်။
"အစ်ကို့ကို ကျွန်တော်ချစ်တယ်"
တေးဂီတ သံလေးသဖွယ် ချိုသာလှသောချစ်စကားကြောင့် သူအံ့သြကာပျော်နေမီလျက် အပြုံးကြီးများဖြင့် ပြုံးနေမီကာ
"မွ "
အသိမပေးဘဲသူ့၏နူတ်ခမ်းပါးလေးကိုလာနမ်းလာသော်လည်းသူအပြစ်မမြင်ရက်။ ခိုကိုးဟုခေါ်သောသူချစ်ရသည့်ကောင်လေးပေးသောအနမ်းမို့ ကျေနပ်စွာခံယူ၍ပီတီဖြာနေ၏။
"ကျွန်တော့်ကို ရက်အကြာကြီးမခေါ်ဘဲပစ်ထားလို့အပြစ်ပေးတာ "
ထိုအပြောကြောင့် သူပျော်ရွှင်စွာရီမီပြီး ခိုကိုးခါးလေးကို တင်းကျပ်စွာဖက်လိုက်ရင်း
"အဟက် ကမ္ဘာပေါ်မှာရှိတဲ့အပြစ်တွေထဲမှာ ဒီအပြစ်ကိုအကျေနပ်ဆုံးဘဲ"
"မွ ဒါကစောစောကအထင်လွဲပြီးထိခိုက်စေမီလို့ပြန်ဆပ်တာ။ တောင်းပန်တယ်နော်နာသွားလား ..."
ထပ်နမ်း၍ စကားလေးတွေဖြင့် အချိုသက်နေသောထိုကောင်လေးကို သူအလွန်ပင်အသဲယားလာသည်။ထို့ကြောင့်
"အဲ့ဒီလို ဆပ်ယုံနဲ့မရဘူးလေ "
"ဟမ်... ဒါဆိုစိတ်ဆိုးမပြေသေးဘူးပေါ့"
"ဒါပေါ့ မပြေဘူး "
ခိုကိုးချော့သည်ကိုသူထပ်လိုချင်နေသဖြင့် သူကျီစယ်ကာစလိုက်၍
"ဒါဆိုလဲ ပြန်တော့မယ် အင့်..."
တကယ်စိတ်ဆိုးမပြေသေးဘူးဟုထင်၍မျက်နှာငယ်လေးဖြင့် ထိုရင်ခွင်မှပြန်ဆင်းရန်ချိန်လိုက်စဉ် ဘုန်းထွဋ်သည် ခိုကိုးပေါင်လေးအားမှတင်၍ပြန်ချီတင်လိုက်သည်။
"အစ်ကို ဘာဖြစ်ချင်နေတာလဲ"
"ချော့ဦးလေ နမ်းလဲနမ်းပေးပါဦး "
ချစ်စရာကောင်းသောပုံစံလေးဖြင့်ချွဲနေသော ထိုလူကြီးကြောင့် သူမရီဘဲမနေနိုင်တော့ပေ။
"ဟား ဟား...ရုပ်ကြမ်းကြီးနဲ့လာနွဲ့နေတယ်။ ကျွန်တော်လဲအဲ့လူကြီးကို ဘာလို့ချစ်မီသွားလဲမသိဘူး"
ပြောနေရင်းဖြင့်ဘုန်းထွဋ်ဆံပင်လေးအားသပ်ပေးလျက်
"ကိုယ်ကချစ်ဖို့ကောင်းလို့ဖြစ်မှာပေါ့ "
"အဟက် ဘယ်နားချစ်ဖို့ကောင်းတာလဲ"
"မသိဘူးချစ်ဖို့ကောင်းတယ် ချစ်ဖို့ကောင်းတယ်"
ခိုကိုးပခုံးလေးကို ကြောင်လေးပမာသူ့၏ခေါင်းလေးတိုးဝင်၍ချွဲနေပြန်သည်။
"အဟမ့်..."
သူတို့အားအံ့သြ၍ပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသော အလုပ်သမားအများနဲ့ဧည့်သည်များအား မာန်တစ်ယောက်ချောင်းဟန့်ကာအလုပ်သမားများအားသတိပေးလိုက်သည်။ ဧည်သည့်များသည်လည်း အလိုက်သိစွာ မျက်နှာလွဲ၍နေပေးကြ၏။                                                               အလုပ်သမားများနှင့် ဧည့်သည်များအံ့သြစရာပင် ဘုန်းထွဋ်ဘယ်သောအခါမှမည်သူ့ကိုမျှမချွဲဖူးပေ။  အရေးကြီးဧည့်သည်မှပင်သူအသံချိုချိုပြောတက်သည်။သဘောကောင်းသော်လည်း သူ့၏လေသံမာမာကြောင့် အလုပ်သမားများကြောက်ရ၏။ မိုးမမြင်လေမမြင်အကဲပိုနေကြသောထိုအတွဲကို မာန်ကြည့်၍ သက်ပြင်းရှည်တစ်ချက်ချပြီး
"ဘော့စ် ..."
လှမ်းအော်လိုက်သော မာန်၏ကျယ်လွန်းသည့်အသံကြောင့် ထိုနေရာတွင်ရှိသည့်လူများအားလုံးလိပ်ပြာလွင့်မတက် ထိတ်လန့်ကုန်လျက်
"မာန် ဘာလို့ဘာအော်နေတာလဲ"
သတိလာပေးသော မာန်ကိုပင် ဘုန်းထွဋ်အပြစ်တင်နေသေးသည်။သူ၏ကြည်နူးချိန်လေးကိုထိခိုက်မည်ကိုဆက်ဆက်ထိမခံစိုးရိမ်နေသည်။
"လူမြင်ကွင်းနော် အားလုံးအလုပ်လုပ်နေကြတာ ရုပ်ရှင်လာကြည့်နေတာမဟုက်ဘူး"
ရွဲ့စောင်းကာပြောလိုက်သောစကားကြားမှ ပတ်ဝန်းကျင်ကိုသတိမူစွာကြည့်လိုက်ရင်း
"အဟွန့် ..."
သူတို့အားကြည့်နေကြသောလူများကြောင့် ဘုန်းထွဋ် အရှက်ပြေချောင်းဟန့်လိုက်၏။ခိုကိုးလည်း မျက်နှာလေးကိုလက်ဖြင့်ကာလိုက်သည်။ ကြည်နူးတုန်းကပင်ကည်နူးခဲ့ပြီးမှ ယခုရှက်ရကောင်းမှန်းသိသွား၍
"အစ်ကို ကျွန်တော်ပြန်တော့မယ် "
" လာ အစ်ကိုလိုက်ပို့မယ်  "
"ဘော့စ် ...အလုပ်တွေကရော "
ဘုန်းထွဋ်တို့ပြောနေကြစဉ်အလိုက်မသိစွာဝင်ပြောသောမာန်ကိုမျက်စာင်းလေးထိုးလျက်
"အရမ်းယုံကြည်ရတဲ့မန်နေဂျာထံလွဲခဲ့မယ်။ အားကိုးမယ်နော်"
ပခုံးလေးအသာပုတ်ပြီး လိုတာရ၍ပျော်နေသောမျက်နှာကလေးဖြင့် ပြုံးပြကာထွက်သွားလိုက်သည်။မာန်မှာဖြင့် သက်ပြင်းများအကြိမ်ကြိမ်ချ၍မအီမသာဖြင့်သာကျန်ရစ်ခဲ့ပေတော့သည်။
သြော် နောက်ဆုံးတော့လဲ ညီဖြစ်သူကိုကျန်ခဲ့တာပါပဲ။ စိတ်တိုဖို့ကောင်းလိုက်တာ...။

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now