အပိုင်း(32)

4.6K 301 0
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၃၂)

ကမ်းနားလမ်း၏နေဝင်ဆည်းဆာအချိန်ကြောင့်ကျောခိုင်းကာငှက်စာကျွေးနေသောလူတစ်ယောက်၏ကိုယ်ခန္ဓာမှာပေါ်လွင်ထင်ရှားစေသည်။ဘုန်းထွဋ်မှာတော့ထိုသူကိုမြင်သည်နှင့် လွမ်းဆွတ်မူ သတိရမူများ နှလုံးသားတွင်ပြန့်နန့်ကာ စိတ်များမထိန်းချုပ်နိုင်ဘဲ နောက်မှလှမ်းဖက်မိ၏။

"ခိုကိုး ..."

"ဟိတ်လူ ဘာလုပ်တာလဲ ..."

ခိုကိုးဟုထင်ကာဖက်လိုက်သော်လည်း ထိုသူမှအတင်းရုန်းဖယ်ကာသူစိမ်းဆန်၍မမြင်ဖူးသောအကြည့်ဖြင့် အော်လိုက်လေသည်။

"ကျွန်တော် တောင်းပန်ပါတယ်။ လူမှားသွားလို့ပါ"

ထိုသူသည် ခိုကိုးနှင့်ခန္ဓာကိုယ် ပုံစံအနေအထား မျက်နှာပင် ဆင်တူနေသော်လည်း မတူသည်မှာဘုန်းထွဋ်ကိုရင်ခုန်စေသောမျက်ဝန်းလှလှလေးပင်ဖြစ်သည်။ တောင်းပန်ပြီးချင်းချင်းတွင် သူ့သူငယ်ချင်းစာရေးသူတွေ့ခဲ့သည်မှာထိုသူဖြစ်လိမ့်မည်ဟုသူသဘောပေါက်လိုက်သည်။လူအများပျော်ရွှင်စွာငှက်စာကျွေး၍ပျော်ရွှင်နေကြသော်လည်း သူသည်ကမ်းနားလမ်းတစ်လျှောက်လုံး ခြေချင်ဖြင့်သာစိတ်ပျက်လက်ပျက်ဖြင့်လျှောက်နေမိတော့သည်။သူ၏မျှော်လင့်လေးချက်လေး ပျောက်ကွယ်သွားရပြန်သည်။

"ဟယ်လို မာန် ငါမနက်ပြန်လာမယ်"

ခိုကိုးမရှိသည်ကိုသိသည်နှင့်သူပြန်ရင်ဆုံးဖြတ်ချက်ချကာမာန်ကိုဖုန်းဆက်အသိပေးလိုက်သည်။ညပိုင်းတွင် ပင်ပန်း၍ကျဆင်းနေသောစိတ်များဖြေဖျောက်ရင်ဘုရားသို့သွားခဲ့သည်။ ဘုရားဝတ်ပြုပြီး ထိုင်ကာလျှောာက်လာသမျှသူများကိုငေးမောကြည့်နေမိသည်။ဘုရားရိပ်တရားရိပ်မို့ သူ့စိတ်လေးအေးချမ်းနေ၏။သို့သော် ငြိမ်နေသောသူ့စိတ်ကလေးပြန်လည်လှုပ်ရှားလာသည်မှာ လျှောက်လှမ်းလာသောလူငယ်တစ်စုကြောင့်ဖြစ်သည်။ ထိုအုပ်စုလေးသည်ယောကျာ်းလေးသုံးယောက်နှင့်မိန်းကလေးနှစ်ယောက်ပါဝင်သည်။ ယောက်ျားထဲမှာ သူ၏ချစ်သူကောင်လေးခိုကိုးပါဝင်နေခြင်းကြောင့်ဖြစ်သည်။ ခိုကိုးဟုသေချာရသည်မှာပြုံးရီနေသောပုံစံလေးသည် သူ့ကိုနှလုံးခုန်နှုန်းမြန်ဆန်စေခြင်းကြောင့်ပင်။ နှစ်နှစ်တောင်ကြာပြီမို့ ထိုကောင်လေး၏ပုံစံမှာအရာရာပြောင်းလဲသွား၏။ အရင်လို မထိရက်မတွေ့ရက် ချစ်စရာကောင်းသည့်ထိုလူသားလေးသည် ရင့်ကျက်တည်ကြည်သောယောကျာ်းလေးအသွင်ပြောင်းလဲသွားခဲ့သည်။ ဆံပင်ပုံစံကအစ ယောကျာ်းဆန်ကာ လည်ကတုံးအဖြူနှင့်မွန်ပုဆိုးအနီလေးကိုဆွဲဆောင်မူရှိစွာဝတ်၍ မျက်မှန်အဝိုင်းလေးကိုလည်းတပ်ဆင်ထားသေးသည်။

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now