အပိုင်း(36)

5.4K 300 10
                                    

zawg

                 ကိုကြီးရဲ့ကောင်လေး အပိုင်း(၃၆)

ခွန်းသစစ်ဟူသောလူသည်တခြားသူမဟုက်။ ဘုန်းထွဋ်ငယ်ပေါင်းရန်ဖက် ဟုခေါ်ထိုက်ကာ သူ့ကြိုက်သောကောင်လေးကိုဘုန်းထွဋ်အဝေးသို့ပို့စေခဲ့သည်ဟုအငြိုးထား နှောက်ယှက်နေသူဖြစ်သည်။ တချိန်တုန်းကပင် ခိုကိုးအသားကိုကိုင်ကာနှောက်ယှက်သောကြောင့် ဘုန်းထွဋ်နှင့်ရန်ပွဲဖြစ်ခဲ့သေး၏။

တခြားသောအရာများကိုပြိုင်ကာနှောက်ယှက်သည်ကို သူနားလည်ခွင့်လွတ်ပေးခဲ့ပေမယ့် ညီမဖြစ်သူထိခိုက်လာသောအခါ သူ့ဒေါသများဟုန်းဟုန်းတောက်လောင်ပါတော့သည်။ မာန်လည်းအစ်ကိုတစ်ယောက်ဖြစ်သောကြောင့် ထိုသူကိုအမူတ်ကျိတ်ပြစ်ချင်နေတော့သည်။

********************************

မီးရောင်စုံတို့ဖြင့်လူအများပျော်မြူးနေသောကလပ်တစ်ခု၌ ခွန်းသစစ်ထိုင်ကာကနေသောအလှပများကိုကြည့်နေလေသည်။ထိုအချိန်တွင် ရုတ်တရက်ဆိုသလိုမဲမှောင်ကျသွားခဲ့သည်။သူလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကာငြိမ်သက်နေမိသည်။ထိုနေရာရှိလူအများလည်းအမှောင်ထဲလှုပ်ရှားနေကြ၏။ခဏအကြာအလင်းပြန်ရလာသောအခါ မျက်လုံးအရှေ့တွင်ဘယ်သူမှမရှိတော့ချေ။သူအလွန်အံ့သြကာပြာပြာသလဲဖြစ်နေချိန်ဘေးသို့ခြေသံဆိမ့်ဆိမ့်ဖြင့်ဘေ့စ်ဘော့တုတ်ကိုကိုင်၍လျှောက်လာသောဘုန်းထွဋ်။ ဘုန်းထွဋ်ကိုမြင်သောအခါသူထွက်သွားရန်မချိန်ပါတော့သည်။ သို့သော် သူနောက်ဆုတ်လိုက်သည်နှင့်လူတစ်ယောက်ကိုထပ်မံတွေ့လိုက်ရပြန်သည်။ ထိုသူသည် စိတ်မရှည်သောမျက်ဝန်းဖြင့် ဘေ့စ်ဘော့တုတ်ကိုကိုင်ထားသောမာန်။ ဤအချိန်ထိသူဇွဲမလျော့သေး ဘေးသို့ထပ်မံပြေးပြန်သည်။ဘေးတွင်မမျော်လင့်ထားဘဲခိုကိုးနှင့် မျက်ရည်ဥနေသောပိုးသားကိုတွေ့လိုက်ရပါတော့သည်။ ပိုးသား၏မြင်သည်နှင့်သူဆက်မပြေးတော့ဘဲ

"ပိုး..."

"နင်ကပိုးသားကိုမှတ်မိသားပဲကို"

ဘုန်းထွဋ်တုတ်ကို မေးအောက်ထောက်ကာမဲ့ပြုံးလေးပြုံးလိုက်သည်။ မာန်လည်းသူ့အအနောက်သို့ချင်းကပ်လာပြီးကျောပေါ်သို့တုတ်ကိုထောက်လိုက်ပြန်သည်။

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now