အပိုင်း(22)

4.4K 301 2
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၂၂)

ထိုအံ့သြမူနှင့်အတူ ပျော်ရွှင်သော အပြုံးပန်းလေးပွင့်လန်းလာလျက်ခိုးကိုးကိုလှမ်းခေါ်လိုက်သည်မှတခြားသူမဟုတ် လှမ်းလှမ်းကြဲကြဲဖြင့်ဆွဲဆောင်မူရှိစွာလျှောက်လာသောဘုန်းထွဋ်ခေါင်ပင်ဖြစ်သည်။

"ပင်ပန်းနေပြီလား ခိုကိုးလေး "

"စောစောကတော့ ပင်ပန်းတယ် ။ဒါပေမယ့် အစ်ကို့မျက်နှာမြင်တော့ လုံးဝပျောက်ကင်းသွားသလိုပဲ ။လန်းဆန်းသွားတယ်"

ရင်လေးကော့ကာပြောနေသောထ်ုစကားလေးကြောင့် သူကြည်နူးမိ၍ ခိုကိုးပါးနှစ်ဖက်ကိုမနာအောင်ဆွဲကာ

"အွန်း... အပြောကောင်း အဲ့တာကြောင့်ချစ်နေရတာ"

"ဟီ... အော်ဒါနဲ့ အစ်ကို ဒီကိုဘယ်လိုရောက်လာတာလဲ"

" တွေ့ချင်တာကို စုံစမ်းရတာပေါ့ "

"ဟင် ဘယ်လို..."

"ခိုကိုးအိမ်ကအလုပ်သမားတွေကိုလက်ထိုးပြီး လာတာပေါ့"

"အစ်ကိုကတော့လေ မနိုင်ဘူးနော် "

"ချစ်တာကို... "

ချစ်တယ်ဟူသောစကားသည်အထပ်ထပ် အခါခါ ကြားနေရသော်လည်း ခိုကိုးနားတွင်ရိုးမသွားနိုင်အောင် ရန်ခုန်သံအသစ်သစ်တွေကလွှမ်းမိုးထား၏။

"ဟုတ်ပါပြီ ချစ်ရင် ဒါကိုသယ် လေးလို့ "

မနိုင်မနှင်းဖြစ်နေသော ဆွဲခြင်းလေးကို ချစ်သူထံလွဲပေးလျက်

"အို အပြည့်ပဲ ကိုယ့်ခိုကိုးလေးပင်ပန်းရောပေါ့"

ဆွဲခြင်းလေးကိုကြည့်၍သနားကာ ခိုကိုးနဖူးပေါ်မှကျနေသောချွေးလေးကိုလက်ကလေးဖြင့်ညင်သာစွာ သုတ်ပေးနေ၏။

"ပင်ပန်းတာပေါ့ တစ်ချိန်လုံးဆွဲနေရတာ လက်တွေလဲနာတယ် ပြီးတော့ ခြေထောင့်လဲညောင်းတယ် ချွေးတွေလဲထွက်လာတယ်"

အရင်ကသိပ်မပင်ပန်းသော်လည်း ချစ်သူ၏စိတ်ပူသောဂယုနာသံလေးကြောင့်သူအကဲပိုကာချွဲနေပြန်သည်။

"ကိုယ့်ခိုကိုးလေးသနားပါတယ် ကဲဒါဆို ကိုယ်ပဲအိမ်ပြန်တဲ့အထိသယ်ပေးမယ်နော်"

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now