"4"

884 88 0
                                    

Unicode❣️

"ခင်ဗျားအလုပ်မသွားဘူးလား"

"ငါမင်းထက်အသက်ကြီးတယ်နော် နာမည်လဲပြောထားပြီးသား ခင်ဗျား ခင်ဗျားနဲ့ခေါ်နေတာ"

"ဒါဆို...ကိုကိုလို့ခေါ်မယ်"

"ခေါ်ချင်သလိုသာခေါ်တော့ ဒီနေ့အလုပ်တွေနားထားတယ် မင်းနေမကောင်းတော့ကြည့်ပေးမဲ့သူမှမရှိတာ မားကိုလည်းအကူအညီမတောင်းချင်ဘူး မားလည်းကျန်းမာရေးကောင်းတာမဟုတ်ဘူး
ဒါနဲ့ဒဏ်ရာတွေရောဘယ်လိုနေသေးလဲ နာနေသေးလား"

"ကျွန်တော်အဆင်ပြေပါတယ်ကိုကို"

"ငါမင်းစားဖို့တစ်ခုခုသွားလုပ်လိုက်အုံးမယ် လိုတာရှိရင်လှမ်းခေါ်လိုက်နော်"

"ဟုတ်ကဲ့"

ဖေးယွီကိုထားခဲ့ကာလော်ယွင်ရှီးမီးဖိုချောင်ထဲဝင်ပြီးဖေးယွီစားဖို့soupလုပ်နေလိုက်သည်။

ဖေးယွီအိမ်ထဲမှာနေရတာပျင်းလာတာနဲ့အပြင်ကိုထွက်လာလိုက်သည်။ဘေးအိမ်ကမားကခြံလေးထဲမှာအပင်ရေလောင်းနေတာကိုတွေ့တာနဲ့သူလည်းအဲ့ခြံဘက်ကူးသွားလိုက်သည်။

"လူလေး နေမကောင်းတာကိုဘာလို့အပြင်ထွက်လာတာတုန်း"

"အိမ်ထဲမှာနေရတာပျင်းလို့ပါ ကိုကိုကမီးဖိုချောင်ဝင်နေတော့ကျွန်တော်တစ်ယောက်ထဲဖြစ်နေလို့ မားကအပင်စိုက်ရတာဝါသနာပါတာလား"

"မားရဲ့အမျိုးသားကအပင်စိုက်ရတာအရမ်းဝါသနာပါခဲ့တာ ဒါတွေကလည်းသူစိုက်ခဲ့တာလေ မားကဆက်ပြီးထိန်းသိမ်းပေးရုံပါ"

"ကျွန်တော်လည်းပန်းပင်စိုက်ရတာဝါသနာပါတယ် အိမ်မှာဆိုကျွန်တော်စိုက်ထားတဲ့ပန်းတွေအများကြီးရှိတယ်"

"ဟုတ်လား ပန်းလေးတွေကိုသဘောကျတာကောင်းပါတယ် "

ချန်းဖေးယွီတစ်ယောက်ဘေးအိမ်ကအမေ့ပန်းခြံလေးထဲမှာထိုင်ပြီးစကားများနေလေသည်။

"ဒါနဲ့မားကဒီမှာနေတာကြာပြီလား"

"မားရဲ့အမျိုးသားနဲ့အိမ်ထောင်စကျတဲ့အချိန်ကတည်းကဆိုပါတော့"

"ကိုကိုကရောဒီမှာနေတာကြာပြီလားဟင်"

"ရှီးအာကငယ်ငယ်လေးကတည်းကဒီမှာနေတာလေ"

💛If We Meet Again...💛{Completed}Where stories live. Discover now