"26"

680 65 14
                                    

Unicode❣️

"Boss သူဆေးရုံကဆင်းသွားပါပြီ"

ချန်ဖေးယွီအစည်းအဝေးခန်းမှအထွက်
လက်ထောက်ကောင်လေး၏စကားကြောင့်မျက်ခုံးအစုံတို့အနည်းငယ်ကွေးညွတ်သွား၏။

"ဘာလို့အစောကြီးဆင်းသွားရတာလဲ သေသေချာချာဆေးကုသမှုခံယူလိုက်ရလား"

"ဟုတ်ကဲ့ တာဝန်ခံဆရာဝန်ကလှမ်းပြီးအကြောင်းကြားပါတယ် အကုန်စစ်ဆေးပေးထားပြီးရောဂါကြီးကြီးမားမားဘာတစ်ခုမှမရှိဘူးလို့ပြောပါတယ်"

"သူ..ဆေးရုံကဆင်းပြီးဘယ်သွားသေးလဲ"

"ဟုတ်ကဲ့ ဆေးရုံကဆင်းပြီးတာနဲ့အမေဖြစ်သူတက်နေတဲ့ဆေးရုံကိုသွားပြီးနေ့လည်လောက်မှအိမ်ပြန်သွားပါတယ်"

"ဟင်း..ကောင်းပြီ ဆက်ကြည့်ခိုင်းထားလိုက် တစ်ခုခုဆိုငါ့ဆီအမြန်ဆုံးတင်ပြ"

"ဟုတ်ကဲ့ပါBoss "

အရေးပေါ်အစည်းအဝေးကြောင့်မထားခဲ့ချင်ပေမဲ့လည်းမဖြစ်တဲ့အ​ြေခအနေမို့တစ်ယောက်တည်းထားခဲ့ရတာလုံးဝစိတ်မချ။

နောက်ကလိုက်ကြည့်ခိုင်းထားတဲ့လူဆီကနေပဲအခြေအနေကိုနားစွင့်နေရသည်။
တကယ်ဆိုချစ်ရသူနောက်ကွယ်ကနေအမြဲစောင့်ကြည့်ဖို့လူလွှတ်ထားတာအခုမှမဟုတ်။
စောင့်ကြည့်နေတယ်ဆိုတာထက်အထိခိုက်မခံနိုင်လို့ကာကွယ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ပါ။

မျက်နှာလေးကိုမြင်ခွင့်မရှိတဲ့အချိန်တွေတုန်းက သူခိုင်းထားတဲ့လူကခိုးရိုက်ပေးထားတဲ့ဓာတ်ပုံလေးတွေကိုသာတစိမ့်စိမ့်ကြည့်ရင်းအလွမ်းဖြေခဲ့ရသည်။

ချစ်ရသူလေးကသိပ်ဆိုးပါသည်။

ကိုယ့်အတွက်ဆိုပြီးကိုယ့်နှလုံးသားရောသူ့နှလုံးသားကိုပါရက်ရက်စက်စက်စတေးခဲ့တာ...

သူဘာလို့မသိရတာပါလဲ...

သူနဲ့သာဝေးရရင်ငွေကြေးဥစ္စာ ပိုင်ဆိုင်မှု ဂုဏ်ပုဒ်တွေကကိုယ့်အတွက်အဓိပ္ပါယ်မရှိဘူးဆိုတာ..

ဒါပေမဲ့လည်း...နှလုံးသားတစ်စုံလုံးကိုရင်းခဲ့ရတာအလကားမဖြစ်အောင်ကြိုးစားခဲ့တယ်။

💛If We Meet Again...💛{Completed}Where stories live. Discover now