"12"

607 52 7
                                    

Unicode❣️

စိတ်ပျက်လက်ပျက်ဖြင့်အိပ်ပျော်သွားလိုက်တာနိုးလာတော့တစ်ခုခုပေါ်ခေါင်းအုံးထားမှန်းသတိထားမိသည်။အိပ်တုန်းကဘာမှခုမအိပ်မိပါဘူး။ခေါင်းအုံးလိုမျိုးပျော့အိအိလည်းမဟုတ်၊မာလည်းမမာဘူး။သေချာမျက်လုံးဖွင့်ကြည့်မိတော့မှဖေးယွီပေါင်ဖြစ်နေတယ်။ဖေးယွီပေါင်ပေါ်ခေါင်းတင်အိပ်နေမိတာပေါ့..

"ကိုကို နိုးလာပြီလား"

ဖေးယွီအသံကိုကြားတော့လော်ယွင်ရှီးလည်းအမြန်ထထိုင်လိုက်သည်။ဒီကောင်လေးတော့ညောင်းနေတော့မှာပဲ...

"ဖေးယွီကလည်း ကိုကို့ကိုနိှုးလိုက်တာမဟုတ်ဘူး ညောင်းနေပြီလား ​"

"ကိစ္စမရှိပါဘူး ဒါနဲ့ကိုကိုဘာလို့အစောကြီးပြန်ရောက်လာတာလဲ"

"ဟင်း..အဲ့တာက"

"ဘာလို့လဲဟင် ပြောပါအုံး ကျွန်တော်အရမ်းစိတ်ပူနေပြီ"

"နေ နေပါအုံးဖေးယွီရယ် ကိုကိုပြောတာသေချာနားထောင်ပါအုံး"

"ဟုတ်"

လော်ယွင်ရှီးလည်းယနေ့ဖြစ်သမျှအကြောင်းစုံကိုပြောပြလိုက်တော့သည်။

"ဒါကတိုက်ဆိုင်တာတော့မဖြစ်နိုင်ဘူး.."

ဖေးယွီကတွေးတွေးဆဆဖြင့်ပြောသည်။လော်ယွင်ရှီးလည်းဒီကိစ္စကတိုက်ဆိုင်တာမဟုတ်မှန်းသိပေမဲ့ဘာလို့လဲဆိုတာသေချာတပ်အပ်မပြောနိုင်။ကိုယ့်ကိုမလိုတဲ့သူကလုပ်တယ်ဆိုရင်တောင်ဘယ်သူကကိုယ့်ကိုမုန်းနေတာလဲသေချာမသိ။ဒီအချိန်ထိရန်သူမပြောနဲ့မိတ်ဆွေတောင်လက်ချိုးရေလို့ရသည်အထိအပေါင်းအသင်းနည်းသူဖြစ်သည်။လူတွေနဲ့လည်းလိုတာထက်ပိုမပတ်သက်သူမို့ရန်ငြိုးရန်စလည်းမရှိ...ဘယ်သူကများသူ့ကိုဒီလိုလုပ်ရတာလဲ။

"ကိုကို.."

ရုတ်တရက်ငြိမ်နေရာမှထအော်တဲ့ဖေးယွီကြောင့်ယွင်ရှီးလန့်တောင်သွားသည်။ဒီကောင်လေးဟာလေအမြဲတမ်းလူကိုလန့်အောင်လုပ်နေတော့တာပဲ..။

"ဟင်.."

"ကျွန်တော် ဖုန်းသွားပြောလိုက်အုံးမယ်"

💛If We Meet Again...💛{Completed}Where stories live. Discover now